MYANMAR
COVID-19ရောဂါဖြစ်ပွားမှု သုံးရက်ဆက်တိုက် ၃ရာခိုင်နှုန်းကျော်ထိ ကျဆင်းလာ
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်
မြန်မာနိုင်ငံတွင် COVID-19ရောဂါဖြစ်ပွားမှု သုံးရက်ဆက်တိုက် ၃ရာခိုင်နှုန်းကျော်ထိ ကျဆင်းလာကြောင်း ယနေ့ ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်သော သတင်းအရ သိရသည်။
COVID-19ရောဂါပိုးဖြစ်ပွားသူသည် ဒီဇင်ဘာ ၂၅ ရက်မှစတင်ပြီး ၃ရာခိုင်နှုန်းထိကျဆင်းလာကြောင်း၊ ယနေ့တွင် COVID-19ရောဂါပိုးဖြစ်ပွားသူ ၃.၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၆,၆၀၇ခုအား စစ်ဆေးရာ COVID-19ရောဂါပိုးရှိသူ ၆၀၆ဦးတွေ့ရှိပြီး သေဆုံးသူ ၂၂ဦးရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ COVID-19ရောဂါစတင်ကူးစက်လာချိန်မှ ယနေ့အထိ ရောဂါဖြစ်ပွားသူ ၁၂၁,၈၈၆ဦး အနက် ၂,၆၀၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။ရောဂါသက်သာပျောက်ကင်း၍ ယနေ့(ဒီဇင်ဘာ ၂၇ ရက်)ထိ ဆင်းရုံ ဆင်းခွင့်ရရှိသူ ၁၀၃,၂၂၃ဦးရှိကြောင်း သိရသည်။ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိကူးစက်ဖြစ်ပွားနေမည့် COVID-19 နှင့်အတူ မိမိတို့အနေဖြင့် ဆက်လက်ရှင်သန် နေထိုင်ရမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စဉ်းစားကြံဆကြိုးပမ်း ကြရမည် ဖြစ်ကြောင်း ၊ သို့မဟုတ်ပါက နိုင်ငံ၏ဖွံ့ ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွားမည် ဖြစ်ကြောင်း ၊ ပြည်သူအားလုံးအနေဖြင့် မိမိတို့နေ့စဉ် လူမှုဘဝနှင့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်စဉ်တို့တွင် အဓိကအားဖြင့် (၁) ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ တပ်ဆင်ခြင်း၊ (၂) တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်လုပ်ကိုင်ခြင်း၊ (၃) လက်ကို မကြာခဏဆေးကြောခြင်း၊ (၄) တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊ သတိပေးခြင်းစသည့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ ဆက်လက်လိုက်နာခြင်းဖြင့် COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ (Xinhua)
#အတည်ပြုလူနာ #လူနာသစ် #COVID-19 #ဆင်ဟွာ #Xinhua