Connect with us

MYANMAR

 COVID-19 ရောဂါပိုးရှိသူ ၁၁ ဦး ထပ်မံတွေ့ရှိ၊ ရောဂါပိုးရှိသူ ၅၂ ဦးထိရှိလာ

COVID-19 ရောဂါပိုးကြိုတင်ကာကွယ်ရေးအဖြစ် ရန်ကုန်မြို့တွင်း maskတပ်ဆင်သွားလာမှု အားတွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ ဧပြီ ၁၃ ရက်၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၂) ခုအား စစ်ဆေးခဲ့ရာ  COVID-19 ရောဂါပိုးတွေ့ရှိသူ ၁၁ ဦးထပ်မံတွ့ရှိသဖြင့်  ရောဂါပိုးရှိသူ ၅၂ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သဖြင့် အသွားအလာကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားရှိသူ (၁၁) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်ဓာတ်ခွဲနမူနာ (၈၁) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများနှင့် ပတ်သတ်သည့်အချက်အလက် အပြည့်အစုံကို ကျန်းမာရေးဝန်ကြီးဌာနမှ ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ၂၀၂၀ပြည့်နှစ် မတ် ၂၃ ရက်မှ ဧပြီ ၁၃ ရက်ထိ COVID-19 ရောဂါပိုးရှိသူ ၅၂ ဦးရှိပြီး သေဆုံးသူ ၄ ဦးထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။(Xinhua)