Connect with us

MYANMAR

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလ၌ လူ ၅ ဦးဖြစ်စေ၊ ၅ ဦးအထက်ပို၍ဖြစ်စေ စုဝေးခြင်းကို တားမြစ် 

ရန်ကုန်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ)

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လူ ၅ ဦးဖြစ်စေ၊ ၅ ဦးအထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့် အမှတ် ၃၇/၂၀၂၀ဖြင့် ယနေ့ ည မြန်မာ့ရုပ်မြင်သံကြား ၈နာရီ သတင်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် (၁)အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို သွားရောက်ခြင်း/ လုပ်ငန်းခွင်မှ ပြန်ခြင်း၊ (၂) ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့သွားရောက်ခြင်း/ ပြန်ခြင်း၊ (၃) ခွင့်ပြုချက်ရရှိထားသော ဈေး/ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုခြင်း၊ (၄) ခွင့်ပြုချက်ရရှိထားသော ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်း၊ (၅) တရားစီရင်ရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ (၆) ခွင့်ပြုချက်နှင့် အညီ COVID-19 ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊(၇) အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းနှင့် အရေးပေါ် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ (၈)ကျန်းမာရေးအရ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်းနှင့် (၉) နာရေးကိစ္စဆောင်ရွက်ခြင်းစသည့် ကိစ္စရပ်များမှအပ လူ (၅) ဦး ဖြစ်စေ၊ (၅) ဦး အထက် ဖြစ်စေ စုဝေးခြင်း မပြုရန် ဖော်ပြထားကြောင်း သိရသည်။

COVID-19 နှင့် စပ်လျဥ◌်း၍ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဥ◌ီးစီးဌာနတို့က ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်လျှင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြာင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)