ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ၎င်းတို့၏ အရည်အချင်းမပြည့်မီသော ဆောင်ရွက်မှုများနှင့် ရှုံးနိမ့်မှုများအတွက် တာဝန်ရှိမှုကို ရှောင်လွှဲရန် တရုတ်နိုင်ငံအား ရောဂါဖြစ်ပွားမှုအတွက် တာဝန်ယူသင့်ကြောင်းနှင့် ယင်းအတွက် ပေးဆပ်ရမည်ဖြစ်ကြောင်း မကြာသေးမီက စွပ်စွဲပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၁၉ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရှိ ပြည်သူများ COVID-19 ရောဂါ ကာကွယ်ရေးအတွက် တရုတ် နိုင်ငံ CITIC Group က ဒုတိယ အကြိမ် အဖြစ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများအား ယနေ့ မေ ၁၉...
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၂၃၉) ခုအား မေ ၁၈ ရက် ညပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃) ဦးတွေ့ရှိရကြောင်း၊ ယင်းတို့ သုံးဦးစလုံးသည်...
ဆောပိုလို ၊ မေ ၁၈ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ အကြီးဆုံး မြို့ဖြစ်သည့် ဆောပိုလို(Sao Paulo)မြို့၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်သည် COVID-19 ရောဂါ ဖြစ်ပွားသူ များလာခြင်းနှင့်အတူ အလွန်အမင်း ဝန်ပိနေပြီးဖြစ်ရာ ပြိုလဲရန် အန္တရာယ်ရှိကြောင်း မြို့တော်ဝန်က မေ ၁၇ ရက်တွင် သတိပေး ပြောကြားခဲ့သည်။
နယူးဒေလီ၊မေ ၁၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် မေ ၁၇ ရက်က COVID-19 အသစ်ထပ်တိုးအတည်ပြုလူနာ ၄,၉၈၇ ဦး ရှိပြီး ၎င်းမှာ တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက်မှတ်တမ်းတွင် အများဆုံးဖြစ်ရာ စုစုပေါင်း အတည်ပြုလူနာ ၉၀,၉၂၇ ဦး ၊ စုစုပေါင်း သေဆုံးသူ ၂,၈၇၂ဦး၊ ရောဂါကုသပျောက်ကင်းသွားသူ ၃၄,၁၀၉...
ပေကျင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် COVID-19 ကာကွယ်ဆေးအတွက် ဒုတိယအဆင့်စမ်းသပ်မှုများကို လာမည့် ဇူလိုင်လ အစောပိုင်းမှ စတင်ကာ အလုံးစုံပြုလုပ်သွားရန် မျှော်လင့်ထားကြောင်း နှင့် လက်ရှိအချိန်ထိ စမ်းသပ်မှုများအရ ကြီးကြီးမားမား နောက်ပြန်သက်ရောက်မှုများ မရှိကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ၎င်း၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်း အစောပိုင်းအဆင့်မှာပင် တည်ရှိနေသော အခြေအနေများအောက်၌ အမြန်ဆုံး ဖြစ်နိုင်သမျှ အရှိန်အဟုန်ဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြောင်း နှင့် အချက်အလက်များကို မျှဝေရာတွင် ချန်လှပ်မှု လုံးဝမရှိကြောင်း တရုတ်အစိုးရအရာရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ မေ ၁၈ ရက်(ဆင်ဟွာ) ပြည်ပနိုင်ငံမှ ပြန်လည်ဝင်ရောက်လာပြီး အသွားအလာကန့်သတ်ထားရှိသူ သုံးဦးထံမှ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံတွင် စုစုပေါင်း ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၇ ဦးရှိပြီ...
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၈၄ ဦးရှိလာပြီး ရောဂါပျောက်ကင်းသူ ၉၇ ဦး ရှိလာကြောင်း ယနေ့ မေ ၁၇ ရက်နေ့ ညပိုင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားသည့်ကာလတွင် နိုင်ငံပိုင်ဟိုတယ် ငှားရမ်းခ ပေးသွင်းခြင်းအား ၆လ ရွှေ့ဆိုင်းပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းရှင်များက ၅၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးရန် တင်ပြတောင်းဆိုချက်အပေါ် ဖြေလျော့မှုပေးနိုင်ရန် နည်းလမ်းရှာဖွေ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန် က ပြောကြားသည်။