Connect with us

MYANMAR

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃) ဦးတွေ့ရှိ၊ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၉၁ဦးထိရှိလာ

နှာခေါင်းစည်းဝတ်ဆင်၍ အလုပ်လုပ်နေသူ တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၂၃၉) ခုအား မေ ၁၈ ရက် ညပိုင်းတွင် စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၃) ဦးတွေ့ရှိရကြောင်း၊  ယင်းတို့ သုံးဦးစလုံးသည် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့ကြသူများဖြစ်ကြောင်း နှင့် မေ ၁၉ ရက် နံနက် ၇ နာရီ အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၉၁ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က မေ ၁၉ ရက် နံနက်ပိုင်းတွင်ထုတ်ပြန်ခဲ့သည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းများတွင် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၁)ဦးရှိကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။မေ ၁၅ ရက်တွင်  ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၇၀) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၄၂၇) ခု၊ စုစုပေါင်း (၅၉၇) ခုအား စစ်ဆေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117