Connect with us

WORLD

အိန္ဒိယနိုင်ငံတွင် COVID-19ဖြစ်ပွားသူ ၉ သောင်းကျော် ရှိလာ၊ တစ်နိုင်ငံလုံး ကန့်သတ်ပိတ်ဆို့မှုများအား မေလကုန်ထိ တိုးမြှင့်ထား

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့မှ မိမိနေရပ်ဌာနေများသို့ ပြန်နေကြသူများအား မေ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊မေ ၁၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် မေ ၁၇ ရက်က COVID-19 အသစ်ထပ်တိုးအတည်ပြုလူနာ ၄,၉၈၇ ဦး ရှိပြီး ၎င်းမှာ တစ်ရက်အတွင်း ထပ်တိုးလူနာအရေအတွက်မှတ်တမ်းတွင် အများဆုံးဖြစ်ရာ စုစုပေါင်း အတည်ပြုလူနာ ၉၀,၉၂၇ ဦး ၊ စုစုပေါင်း သေဆုံးသူ ၂,၈၇၂ဦး၊ ရောဂါကုသပျောက်ကင်းသွားသူ ၃၄,၁၀၉ ဦး အသီးသီး ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့ ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။ 

အိန္ဒိယနိုင်ငံတွင်  မတ် ၂၅ ရက်က  တစ်နိုင်ငံလုံးအတိုင်းအတာအရ ပိတ်ဆို့မှုများ စတင်လုပ်ဆောင်ခဲ့ရာ ယင်းပိတ်ဆို့မှုကာလအား  နှစ်ကြိမ်တိုးမြှင့်ထားပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိ ပိတ်ဆို့မှုကာလကို မေ ၁၇ ရက်တွင် အဆုံးသတ်မည်ဖြစ်သော်လည်း ယင်းနေ့ညနေပိုင်းတွင်  အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက  ပိတ်ဆို့မှုကာလအား မေ ၃၁ ရက်အထိ ရက်သတ္တပတ် နှစ်ပတ် ထပ်တိုးကြောင်း ကြေညာခဲ့သည်။ 

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့မှ မိမိနေရပ်ဌာနေများသို့ ပြန်နေကြသူများအား မေ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဘန်ဂလိုမြို့မှ မိမိနေရပ်ဌာနေများသို့ ပြန်နေကြသူများအား မေ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကန့်သတ်ပိတ်ဆို့မှုကာလအတွင်း အိန္ဒိယနိုင်ငံ တစ်နိုင်ငံလုံး၌ စာသင်ကျောင်း၊ မြို့တွင်းမြေအောက်ရထား ဆက်လက်ပိတ်ထားရမည်ဖြစ်ပြီး  ဟိုတယ်၊ ဈေးဝယ်စင်တာ၊ အရက်ဘားနှင့် ရုပ်ရှင်ရုံစသည့်လုပ်ငန်းများအနေဖြင့် ဖွင့်လှစ်ခွင့်မရသေးကြောင်းသိရသည်။  ဆေးကုသမှုလိုအပ်ချက်ကို ဖြည့်ဆည်းလျက်ရှိကာ ပြည်တွင်းပြည်ပလေကြောင်းလိုင်းများကိုလည်း ဆက်လက်၍ ယာယီ ရပ်တန့်ထားမည်ဖြစ်သော်လည်း  စားသောက်ဆိုင်များ အနေဖြင့် ပါဆယ်စနစ်နှင့်ရောင်းချနိုင်သလို အားကစားကွင်းအချို့ကို ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ 

လမ်းညွှန်ချက်အရ ပြည်နယ်အချင်းချင်းကြား ဆွေးနွေးညှိနှိုင်းပြီးနောက် ခရီးသွားယာဉ်များပြန်လည် သွားလာခွင့်ပြုနိုင်သော်လည်း သီးခြားခွဲထားနေရာများသို့ သွားလာမှုအတွက် ခွင့်မပြုကြောင်း သိရသည်။ ကန့်သတ်ပိတ်ဆို့မှုထပ်တိုးကာလအတွင်း အိန္ဒိယတစ်နိုင်ငံလုံး၌ ည ၇နာရီ မှ နောက်တစ်နေ့ နံနက် ၇ နာရီအချိန်အထိ ညမထွက်ရသတ်မှတ်ချက်ကိုလည်းကျင့်သုံးသွားမည်ဖြစ်ပြီး မလိုအပ်ပါက အပြင်သို့ သွားလာခြင်းကို တင်းကြပ်စွာတားမြစ်ထားကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117