Connect with us

MYANMAR

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေး အတွက် CITIC Group မှ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ  ဒုတိယ အကြိမ် လှူဒါန်း 

ကျောက်ဖြူမြို့နယ် COVID-19 ရောဂါ ကာကွယ်ရေး အတွက် CITIC Group မှ ဒုတိယ အကြိမ် လှူဒါန်းမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၉ ရက်(ဆင်ဟွာ) 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရှိ ပြည်သူများ COVID-19 ရောဂါ ကာကွယ်ရေးအတွက် တရုတ် နိုင်ငံ CITIC Group က ဒုတိယ အကြိမ် အဖြစ် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများအား ယနေ့ မေ ၁၉ ရက်တွင် ရန်ကုန်မြို့၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူ(Tan Shufu)က တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကြိုးစားနေကြောင်း ၊ ယခုအခါ ဒုတိယ အကြိမ် အဖြစ် CITIC Group က နှာခေါင်းစည်းများ ၊ PPE များ နှင့် မျက်နှာအကာအကွယ် ပစ္စည်းများ ထပ်မံ လှူဒါန်းခြင်း ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများက လူမှုတာဝန် ထမ်းဆောင်ကြောင်း ဖော်ပြခဲ့ပြီး တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးလည်း ဖော်ပြခဲ့ကြောင်း ၊ ယခု တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး ကပ်ရောဂါ တိုက်ဖျက်နိုင်ရန် မျှော်လင့်ပါကြောင်း လှူဒါန်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။ 

မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး စီးပွားရေး သံမှူး ထန်ဆူးဖူက ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၊ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က CITIC Group က လှူဒါန်းသည်မှာ နှစ်ကြိမ် ရှိပြီ ဖြစ်ကြောင်း ၊  အဆိုပါ လှူဒါန်းမှုသည် ရခိုင်တိုင်းရင်းသားများ အဓိအားဖြင့် ကျောက်ဖြူမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ အတွက် ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ အပြင် စိတ်ပိုင်းဆိုင်ရာတွင် ခွန်အား တစ်ခု ဖြစ်ပါကြောင်း ၊ ရခိုင်တိုင်းရင်းသားများ ကိုယ်စား ကျေးဇူးတင်ပါကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ၊ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ) 

ယခုအခါတွင် တရုတ် နိုင်ငံ CITIC Group က ဒုတိယ အကြိမ် အဖြစ် COVID-19 ရောဂါ ကာကွယ်ရေးအတွက် တစ်ခါသုံး ဆေးဘက်ဆိုင်ရာ နှာခေါင်းစည်း အခုရေ ၂၅,၆၀၀ ၊ PPE အစုံရေ ၃၅၀ နှင့် Medical Face Shields အခုရေ ၆၅၀ တို့အား ကျောက်ဖြူဒေသခံများ အတွက် လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ကျောက်ဖြူ မြို့နယ် အလှူလက်ခံရေး ကော်မတီ ကိုယ်စားလှယ် ဦးအေးစံ က ကျေးဇူးတင်စကား ပြောကြားစဉ်(ဆင်ဟွာ)

အဆိုပါ လှူဒါန်းပွဲ အခမ်းအနားတွင် ကျောက်ဖြူ မြို့မိမြို့ဖ တစ်ဦး ဖြစ်သူ မြို့နယ် အလှူလက်ခံရေး ကော်မတီ ကိုယ်စားလှယ် ဦးအေးစံ က CITIC Group က ဒုတိယ အကြိမ်မြောက် COVID-19 ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများအား လှူဒါန်းသည့်အတွက် အထူးပင် ဝမ်းသာပါကြောင်း ၊ လှူဒါန်းသည့် ပစ္စည်းများသည်လည်း COVID-19 ရောဂါ  Facility Quarantine ပြုလုပ်နေသော နေရာတွင် များစွာ အထောက်အကူပြုပါကြောင်း ၊ ယခုကဲ့သို့ ထပ်မံ လှူဒါန်းသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း ၊ အဆိုပါ ပစ္စည်းများသည် ဒေသအတွက် အလွန် အသုံးဝင်သော ပစ္စည်းများ ဖြစ်ပြီး အမှန်တကယ် လိုအပ်နေသည်များ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

လှူဒါန်းပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဆင်ဟွာ) 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရှိ ပြည်သူများ COVID-19 ရောဂါ ကာကွယ်ရေးအတွက် တရုတ် နိုင်ငံ CITIC Group က ပထမ အကြိမ် အဖြစ် မေ ၇ ရက်တွင် ဆန်တန်ချိန် ၃၀ နှင့် ပိုးသတ်ဆေးဖြန်းစက် ၁၀ လုံးအား ကျောက်ဖြူမြို့နယ် အလှူလက်ခံရေး ကော်မတီ ကိုယ်စားလှယ် ဦးအေးစံ ထံသို့ လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.