COVID-19 UPDATES
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တရုတ်နိုင်ငံ၏ Sinopharm COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန်အတည်ပြု
ဂျီနီဗာ၊ မေ ၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် တရုတ်နိုင်ငံ၏ Sinopharm မှ ထုတ်လုပ်သော BBIBP-CorV COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုရန်အတွက် မေ ၇ ရက်တွင် အတည်ပြုခဲ့သည်။
“ဒီနေ့လည်ပိုင်းမှာ WHO က Sinopharm ပေကျင်းရဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့် စာရင်းထဲထည့်သွင်းခွင့်ပြုခဲ့ပြီး အဲဒီဆေးက ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုနှင့် အရည်အသွေးရှိခြင်းတို့အတွက် WHO ရဲ့ ခွင့်ပြုချက်ရတဲ့ ၆ ခု မြောက်ကာကွယ်ဆေးဖြစ်ပါတယ်’’ ဟု WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Tedros Adhanom Ghebreyesus က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
“ဒါဟာ COVAX က ဝယ်ယူနိုင်တဲ့ ကာကွယ်ဆေးအမျိုးအစား များပြားလာစေပြီး နိုင်ငံတွေအနေနဲ့လည်း သူတို့ ရဲ့ ပြဌာန်းထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မြန်မြန်ဆန်ဆန်အတည်ပြုခြင်း၊ ကာကွယ်ဆေးတင်သွင်းခြင်းနှင့် အသုံးပြုခြင်းများကို ယုံယုံကြည်ကြည် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ Sinopharm ကာကွယ်ဆေးအား ထပ်တိုးလိုက်ခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကူးစက်ရန် အန္တရာယ်ရှိသောသူများအတွက် ကာကွယ်ဆေးရှာဖွေနေသော နိုင်ငံများသည် COVID-19 ကာကွယ်ဆေးအား လျင်လျင်မြန်မြန်ရရှိနိုင်မည့် အလားအလာပိုမိုရှိလာကြောင်း WHO ကျန်းမာရေးထုတ်ကုန်များ လက်လှမ်းမီရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Mariangela Simao က တရားဝင်သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
၎င်းကာကွယ်ဆေး (inactivated vaccine) အား China National Biotec Group ၏ လက်အောက်ခံကုမ္ပဏီဖြစ်သော Beijing Bio-Institute of Biological Products ကုမ္ပဏီ လီမိတက်မှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအားသိုလှောင်ရန်လိုအပ်ချက်များမှာ လွယ်ကူသဖြင့် အရင်းအမြစ်နည်းပါးသော အခြေအနေများအတွက် အလွန်သင့်လျော်ကြောင်း သိရှိရသည်။
ယင်းသည် ကာကွယ်ဆေးထည့်ထားသည့်ပုလင်းအား စစ်ဆေးနိုင်သောပစ္စည်းပါရှိသည့် ပထမဦးဆုံးသော ကာကွယ်ဆေးဖြစ်ကြောင်း၊ ကာကွယ်ဆေးသည် အပူနှင့်ထိတွေ့မိပါက ဆေးပုလင်းပေါ်တွင်ပါရှိသော စတစ်ကာကပ်ခွါငယ်သည် အရောင်ပြောင်းသွားကာ ကာကွယ်ဆေးအား အန္တရာယ်ကင်းစွာ အသုံးပြုနိုင်မှုရှိမရှိကို ကျန်းမာရေးဝန်ထမ်းများအနေဖြင့် သိရှိနိုင်ကြောင်း သိရသည်။
Sinopharm ကာကွယ်ဆေးအား အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူများတွင်အသုံးပြုသင့်ပြီး သီတင်းပတ် ၃ ပတ် မှ ၄ ပတ်ခြားကာ နှစ်ကြိမ်ထိုးရမည်ဖြစ်ကြောင်း WHO ၏ မဟာဗျူဟာမြောက် ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ ကျွမ်းကျင်သူများအကြံပေးအဖွဲ့ (SAGE) အရ သိရသည်။
အသက် ၆၀ နှစ် အထက်ရှိသူအချို့သည် လက်တွေ့စမ်းသပ်မှုများတွင် ပါဝင်ခဲ့ပြီး ယင်းအသက်အရွယ်အုပ်စုအတွက် ထိရောက်မှုအား ခန့်မှန်း၍မရခဲ့သော်လည်း Sinopharm ကာကွယ်ဆေးနှင့် ပတ်သက်၍ သက်ကြီးပိုင်းများအတွက် အသက်ကန့်သတ်ခြင်းအား WHO မှ အကြံပြုထားခြင်းမရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများအား ကာကွယ်မှုအာနိသင်ပေးနိုင်ဖွယ်ရှိသည်ဟု ပြန်လည်သုံးသပ်ထားသော အချက်အလက်များက အကြံပြုထားသောကြောင့်ဖြစ်ကြောင်း WHO ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ဒီကာကွယ်ဆေးမှာ အသက်ကြီးသူတွေနဲ့ ငယ်ရွယ်သူတွေအတွက် မတူညီတဲ့ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ အချက်အလက်ရှိတယ်လို့ ယုံကြည်ရလောက်တဲ့ သီအိုရီကျအကြောင်းပြချက် မရှိပါဘူး’’ ဟု WHO သတင်းထုတ်ပြန်ချက်တွင် ဆိုသည်။ ၎င်းကာကွယ်ဆေးအား အသက်ကြီးရွယ်အိုလူအုပ်စုများတွင် အသုံးပြု သောနိုင်ငံများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာစောင့်ကြည့်မှုများဆောင်ရွက်ရန် WHO က အကြံပြုထားသည်။ (Xinhua)
————————————
(English Version)
2nd LD: WHO validates China’s Sinopharm COVID-19 vaccine for emergency use
GENEVA, May 7 (Xinhua) — The World Health Organization (WHO) validated on Friday the BBIBP-CorV COVID-19 vaccine developed by China’s Sinopharm for emergency use.
“This afternoon, WHO gave emergency use listing to Sinopharm Beijing’s COVID-19 vaccine, making it the sixth vaccine to receive WHO validation for safety, efficacy and quality,” said WHO Director-General Dr. Tedros Adhanom Ghebreyesus at a press briefing.
“This expands the list of vaccines that COVAX can buy, and gives countries confidence to expedite their own regulatory approval, and to import and administer a vaccine,” he said.
In an official press release, WHO Assistant-Director General for Access to Health Products Dr. Mariangela Simao said that the addition of the Sinopharm vaccine has “the potential to rapidly accelerate COVID-19 vaccine access for countries seeking to protect health workers and populations at risk.”
The vaccine produced by Beijing Bio-Institute of Biological Products Co Ltd, a subsidiary of the China National Biotec Group, is an inactivated vaccine with easy storage requirements, which makes it highly suitable for low-resource settings.
It is also the first vaccine that will carry a vaccine vial monitor, a small sticker on the vaccine vials that change color if the vaccine is exposed to heat, letting health workers know whether the vaccine can be safely used.
According to WHO’s Strategic Advisory Group of Experts on Immunization (SAGE), the Sinopharm vaccine is recommended for use in adults 18 years and older, in a two-dose schedule with a spacing of three to four weeks.
Though few older adults over 60 years were enrolled in clinical trials and efficacy could not be estimated in this age group, WHO is not recommending an upper age limit for the Sinopharm vaccine, because reviewed data have suggested that the vaccine is likely to have a protective effect in older persons, according to the WHO press release.
“There is no theoretical reason to believe that the vaccine has a different safety profile in older and younger populations,” said the WHO press release, which recommends that countries using the vaccine in older age groups conduct safety and effectiveness monitoring. Enditem
Photo-A Palestinian man receives the second dose of Chinese Sinopharm COVID-19 vaccine at a medical center during a vaccination campaign in the West Bank city of Bethlehem, April 29, 2021. (Photo by Luay Sababa/Xinhua)