Connect with us

COVID-19 UPDATES

ရုရှားနိုင်ငံက စတုတ္ထမြောက် COVID-19 ကာကွယ်ဆေးအား မှတ်ပုံတင်

ရုရှားနိုင်ငံ မော်စကိုမြို့တွင် "Sputnik V" COVID-19 ကာကွယ်ဆေးအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ)

တစ်ကြိမ်တည်းသာထိုးနှံရန်လိုအပ်သော COVID-19 ကာကွယ်ဆေး Sputnik Light ကို ရုရှားနိုင်ငံတွင် အသုံးပြုရန် ခွင့်ပြုချက်ရရှိခဲ့ကြောင်း ရုရှား ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ဆေး ဖော်ထုတ်သူနှင့် ပံ့ပိုးသူတို့က မေ ၆ ရက်၌ ကြေညာခဲ့သည်။

ကာကွယ်ဆေးထိုးနှံပြီးနောက် ၂၈ ရက်အတွင်း ကောက်ယူထားသော အချက်အလက်များအရ အဆိုပါ ကာကွယ်ဆေးမှာ ဆေးစွမ်းထက်မှုအနေဖြင့် ၇၉.၄ ရာခိုင်နှုန်းရှိကြောင်း ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

Sputnik Light ကာကွယ်ဆေးသည် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အသစ်အားလုံးအတွက် ထိရောက်မှုရှိကြောင်းနှင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးမရှိကြောင်း ကာကွယ်ဆေးဖော်ထုတ်သူ ရုရှားနိုင်ငံ၏ Gamaleya ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒဆိုင်ရာ အမျိုးသား သုတေသနစင်တာက ပြောကြားခဲ့သည်။

လူပေါင်း ၇,၀၀၀ ပါဝင်သော လက်တွေ့စမ်းသပ်မှုအဆင့် ၃ အား ရုရှား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဂါနာ အပါအဝင် နိုင်ငံများစွာ၌ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကြားဖြတ်ရလဒ်များ ယခုလနှောင်းပိုင်းတွင် ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

Sputnik Light ကာကွယ်ဆေးသည် ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာအောက် ကျသင့်မည်ဖြစ်ပြီး လွယ်လင့်တကူ သိုလှောင်ပြီး ထောက်ပံ့သယ်ပို့နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“Sputnik Light ကာကွယ်ဆေးဟာ ကနဦးကာကွယ်ဆေးထိုးနှံခြင်းနဲ့ ထပ်မံကာကွယ်ဆေးထိုးနှံခြင်းမှာ ခိုင်မာတဲ့အာနိသင်ရှိသလို အခြားသောကာကွယ်ဆေးတွေနဲ့လည်း ပေါင်းစပ်ထိုးတဲ့အခါမှာလည်း ထိရောက်မှုရှိပါတယ်” ဟု Gamaleya စင်တာ၏ ညွှန်ကြားရေးမှူး Alexander Gintsburg က ပြောခဲ့သည်။

ရုရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများဖြစ်သော Sputnik V ၊ EpiVacCorona နှင့် CoviVac ကာကွယ်ဆေးများအား မှတ်ပုံတင်ထားပြီးဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် တိရစ္ဆာန်များအတွက် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Carnivac-Cov ကို အများအပြား ထုတ်လုပ်မှု စတင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Russia registers its fourth COVID-19 vaccine
Source: Xinhua| 2021-05-07 02:48:14|Editor: huaxia
MOSCOW, May 6 (Xinhua) — The single-dose COVID-19 vaccine Sputnik Light has received authorization for use in Russia, the Russian Health Ministry with the jab’s developer and sponsor announced Thursday.
Data collected from 28 days after the injection showed that the vaccine has 79.4 percent efficacy, a joint statement said.
The Sputnik Light has proven effective against all new strains of the coronavirus and has demonstrated no serious side-effects, said Russia’s Gamaleya National Research Center of Epidemiology and Microbiology, which developed the jab.
The Phase III clinical study involving 7,000 people is being conducted in multiple countries, including Russia, the United Arab Emirates and Ghana, and the interim results are expected later this month.
According to the statement, the Sputnik Light will cost less than 10 U.S. dollars globally, and it features easy storage and logistics.
“The Sputnik Light offers strong value in initial vaccination and re-vaccination, as well as boosting efficacy when taken in combination with other vaccines,” said Alexander Gintsburg, director of the Gamaleya center.
Russia has already registered Sputnik V, EpiVacCorona and CoviVac vaccines against the coronavirus.
The country has also started mass production of the world’s first COVID-19 vaccine for animals Carnivac-Cov. ■
Photo taken on April 28, 2021 shows the COVID-19 vaccines “Sputnik V” in Moscow, Russia. (Xinhua/Evgeny Sinitsyn)