Connect with us

North America

ရွှေ့ပြောင်းသွားလာမှုထိန်းချုပ်ရန် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး မက္ကဆီကိုနှင့် အမေရိကန် သဘောတူ

မက္ကဆီကိုနိုင်ငံ ဆီဒတ် ဟွာရတ်ဇ်မြို့မှ မက္ကဆီကိုနှင့် အမေရိကန် နယ်စပ်ရှိ Rio Bravo မြစ်အားဖြတ်ကူးရန် ကြိုးပမ်းနေကြသည့် ရွှေ့ပြောင်းသွားလာသူများအား မတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ မေ ၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ဗဟိုအမေရိကမှ ရွှေ့ပြောင်းသွားလာသူများအား မြောက်ပိုင်းသို့ရွှေ့ပြောင်းရန် တွန်းအားပေးနေသည့် ကိစ္စရပ်များကို ကိုင်တွယ်ရေး ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ကြကြောင်း မက္ကဆီကို သမ္မတ Andres Manuel Lopez Obrador နှင့် အမေရိကန် ဒုတိယ သမ္မတ Kamala Harris တို့ မေ ၇ ရက်က video call ခေါ်ဆိုမှုမှတစ်ဆင့် ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံ သမ္မတရုံးမှ ထုတ်ပြန်ချက်အရ Lopez Obrador က ၎င်းတို့အစိုးရ၏ ရွှေ့ပြောင်းသွားလာမှု ထိန်းချုပ်ရေးအစီအစဉ်ကို Harris အား ပြောပြခဲ့သည်။ “Sembrando Vida” သို့မဟုတ် “ဘဝပျိုးထောင်ခြင်း” ဟုခေါ်ဆိုသော အဆိုပါ အစီအစဉ်သည် စည်းကမ်းမဲ့ ရွှေ့ပြောင်းသွားလာခြင်းကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်း နှစ်ခုဖြစ်သည့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း နှင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန် အခြေခံကျကျတိုက်တွန်းထားကြောင်း သိရသည်။

“ကျွန်တော်တို့မှာ ဘုံဖြစ်နေတဲ့ အရာများစွာ ရှိပါတယ်။ ရွှေ့ပြောင်းသွားလာမှု ကိစ္စများဆိုင်ရာ ခင်ဗျားတို့ တာဝန်ယူလုပ်ဆောင်နေတဲ့ မူဝါဒတွေကို ကျွန်တော်တို့ သဘောတူပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ကူညီသွားလိုပါတယ်” ဟု Lopez Obrador က Harris အား ပြောခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုအပေါ် လက်ရှိ ကန့်သတ်မှုများ၊ ကျန်းမာရေးနှင့် ညီညွတ်သော ဆောင်ရွက်ချက်များချမှတ်ကာ နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးနည်းလမ်းများနှင့် နယ်စပ်ဒေသတွင် ကာကွယ်ဆေးထိုးနှံခြင်း တိုးတက်မှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူညီချက် (USMCA) မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် မက္ကဆီကို တောင်ပိုင်း၌ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်က ဖြည့်စွက်ဖော်ပြထားသည်။

ဇန်နဝါရီ ၂၀ ရက်က စတင်တာဝန်ယူခဲ့သော အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် မက္ကဆီကိုနှင့် ဗဟိုအမေရိက၏ မြောက်ပိုင်းတြိဂံဒေသနိုင်ငံများဖြစ်သော ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်နှင့် အယ်လ်ဆာဗေးဒိုး နိုင်ငံများမှ မြောက်ဘက်သို့ ဦးတည်သော ရွှေ့ပြောင်းသွားလာမှု ထိန်းချုပ်ရေးကြိုးပမ်းအားထုတ်မှုကို ဦးဆောင်ရန် Harris အား တာဝန်အပ်နှင်းထားကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
Mexico, U.S. agree to bolster cooperation to curb immigration
2021-05-08 05:39:58
MEXICO CITY, May 7 (Xinhua) — Mexico and the United States agreed to strengthen cooperation to tackle the issues that drive Central American migrants north, following a video call on Friday between Mexican President Andres Manuel Lopez Obrador and U.S. Vice President Kamala Harris.
According to a statement from the Mexican president’s office, Lopez Obrador laid out for Harris his administration’s plan to curb immigration. Called “Sembrando Vida” or “Planting Life,” the plan essentially calls for fighting environmental degradation and poverty, two of the main causes of unregulated migration.
“We have many things in common and we agree with the policy that you are undertaking on immigration matters, and we are going to help,” Lopez Obrador told Harris.
The two sides also discussed current restrictions on cross-border travel due to the COVID-19 pandemic, ways to promote bilateral trade with sanitary measures in place, and vaccination progress in the border region.
Likewise, they discussed promoting investment in southern Mexico to strengthen cooperation within the framework of the United States-Mexico-Canada Agreement (USMCA) on free trade, the statement added.
U.S. President Joe Biden, who took office on Jan. 20, has entrusted Harris to head efforts to curb northward migration from Mexico and the countries of Central America’s Northern Triangle: Guatemala, Honduras and El Salvador. Enditem

Photo taken on Jan. 10, 2019 shows people beside the U.S.-Mexico border barrier in Tijuana, Mexico. A large number of migrants from Central America have failed to detour around the border barrier to enter the United States. (Xinhua/Xin Yuewei)