VIDEO
COVID-19 ကူးစက်မှုသည် ပူနွေးသည့် ရာသီ တွင် ရပ်တန့် နိုင်ကြောင်း တိကျခိုင်လုံသည့်အထောက်အထားမရှိ
ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
လူအများစုမှာ ပူနွေးသည့် ရာသီဥတုသို့ရောက်လာပါက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့် ဖြစ်ပွားမှုမှာ နှောင့်နှေး ရပ်တန့်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။ ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ် သည် နွေဦးနှင့် ရာသီဥတုအခြေအနေမှာဗိုင်းရပ်စ်နှင့် ၎င်း၏ ပျံ့နှံ့မှုအပေါ် သက်ရောက်မှု ရှိသည်ဆိုသည့် အပေါ် လက်ရှိအချိန်အထိ တိကျခိုင်လုံသည့်အထောက်အထားမရှိသောကြောင့် မပေါ့ဆ ကြစေလိုကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။ မကြာသေးမီက ထွက်ရှိထားသည့် အစီရင်ခံစာတွင် ဗိုင်းရပ်စ်နှင့် အပူချိန်ပြောင်းလဲမှုအပေါ်လေ့လာဆန်းစစ်ရာတွင် အငြင်းပွားဖွယ်အချက်အလက်များသာ လေ့လာတွေ့ရှိရကြောင်းဆိုသည်။ သုတေသီများက ပူနွေးသည့် ရာသီဥတု တစ်ခုထဲက လက်ရှိ အလွန်အမင်းကူးစက်ပျံ့ပွားနေသည့် ဗိုင်းရပ်စ်ကို မရပ်တန့်နိုင်လောက် ဟု သတိပေးပြောကြားထားသည်။ မိမိတို့အနေဖြင့် ရာသီဥတုပြောင်းလဲရုံလောက်နှင့် ယခုအခြေအနေမှ လွန်မြောက်နိုင်မည်ဟု မယူဆ ကြစေလိုကြောင်း အမေရိကန်နိုင်ငံ ကူးစက်ရောဂါဆိုင်ရာပညာရှင် အန်တိုနီ ဖောက်စီ ကဆိုသည်။ ထို့အပြင် COVID-19 ကူးစက်ပျံ့နှံ့မှုနှင့် ဖြစ်ပွားမှုသည် အပူချိန်အပေါ်လိုက်ကာ ကျဆင်းသွားသည်ဆိုသည့်အချက်ကို သက်သေပြနိုင်မည့် အထောက်အထားလည်းမရှိကြောင်းသိရသည်။ (Xinhua)