Connect with us

VIDEO

သစ်သားတစ်မျိုးတည်းဖြင့်ကစားစရာအရုပ်များ ဖန်တီးပြုလုပ်သည့် လက်မှုပညာရှင်

ဖူကျန့်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျန့်ပြည်နယ် longyan မြို့Changting ကောင်တီတွင် နေထိုင်သည့် Li Shishui အမည်ရသော လက်မှုပညာရှင် တစ်ဦးသည် မြေးဖြစ်သူအား ကစားစရာများကို သစ်သားတစ်မျိုးထဲအသုံးပြု ကာ ဖန်တီးပြုလုပ်ပေးခဲ့သည်။

ဖိုးဖိုးလီ၏ လက်မှုပညာဖြင့်ပြုလုပ်ထားသည့်အရုပ်များအား ဆိုရှယ်မီဒီယာတွင် တင်ခဲ့ရာမှ လူကြိုက်များလာခဲ့သည်။၁၉၆၉ ခုနှစ်ကတည်းက လက်သမားဆရာအဖြစ်အသက်မွေးခဲ့သည့် ဖိုးဖိုးလီ၏ အရုပ်များတွင် ကော်များ၊ သံများ နှင့် ဝက်အူလှည့်များလုံးဝ မပါဘဲ သစ်သားသီးသန့်ဖြင့်သာ ဖန်တီးထားကြောင်း သိရသည်။

Li Shishui က “ ကပ်ရောဂါကြောင့် ကျွန်တော်တို့အပြင်လည်းမသွားရဘူးလေ၊ အိမ်မှာပဲနေရတာလည်းငြီးငွေ့တာနဲ့ မြေးလေးဖို့ ကစားစရာလေးတွေ လုပ်ပေးဦးမှပဲဆိုပြီးစလုပ်ဖြစ်တာပါ၊ ဒါကို လူတွေအများကြီးကြိုက်ကြလိမ့်မယ်လို့တောင် မထင်ထားမိခဲ့ပါဘူး” ဟုဆိုသည်။  

သားဖြစ်သူ Li Yuejin က “အဖေက ဘာရယ်ညာရယ်မဟုတ်ဘူး အပျော်သဘောပဲ လမ်းလျှောက်တဲ့ငှက်ကလေးကို သစ်သားနဲ့ လုပ်ပေးတယ်လေ၊ ဒါပေမဲ့ အဲဒါက အွန်လိုင်းမှာ တင်လိုက်တာနဲ့ လူကြိုက်များသွားတယ်၊ ဒါနဲ့ အဖေလည်း  နောက်ထပ် အရုပ်တွေအများကြီး လုပ်ဖြစ်ပြီးတော့ ဗီဒီယိုတွေကို Tik Tok မှာတင်တယ်လေ” ဟုဆိုသည်။  

လီ ၏ လက်မှုပညာကိုရိုက်ကူးထားသည့် ဗီဒီယိုများအား အွန်လိုင်းတင်ခဲ့ရာ နှစ်သက်စွာကြည့်ရှုသူ ၂သန်းကျော်ရှိခဲ့သည်။လီ၏ သားဖြစ်သူမှာ အွန်လိုင်းဆိုင်တစ်ခု ဖွင့်ကာ ဖခင်၏‌ခြေရာနင်းနိုင်ရန် သစ်သားဖြင့်ဖန်တီးထားသည့် လက်မှုပညာများကိုလေ့လာလျက်ရှိကြောင်း သိရသည်။လီတို့သားအဖသည် တရုတ်ရိုးရာလက်မှုပညာကို တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားလာစေရန် မျှော်လင့်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.