Connect with us

VIDEO

နျူကလီးယားစွန့်ပစ်ရေများ ပင်လယ်အတွင်းသို့ စွန့်ထုတ်မည့် ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်က ဆိုးကျိုးများစွာသက်‌ရောက်နိုင်ကြောင်း ကျွမ်းကျင်သူ သုံးသပ်

ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

နျူကလီးယားစွန့်ပစ်ရေများ ပင်လယ်တွင်းသို့ စွန့်ထုတ်ရန် ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်မှာ ဆိုးကျိုးများစွာသက်‌ရောက်နိုင်ကြောင်း တရုတ်နိုင်ငံ Ocean တက္ကသိုလ် မှ အဏ္ဏဝါဗေဒ ကျွမ်းကျင်သူ ကျောက်တုန်းလျန် က ဆိုသည်။ ဂျပန်နိုင်ငံက ဖူကူရှီးမားနျူကလီးယားစွန့်ပစ်ရေများကို စွန့်ထုတ်မည့်နေရာသည်လည်းအလွန်ပင် ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ရေဒီယိုသတ္တိကြွစွန့်ပစ်ရေများက ကနေဒါ၊ တရုတ်၊ ဂျပန်၊ မက္ကဆီကို၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား နှင့် အမေရိကန်ပြည်ထောင်စု စသည့်နိုင်ငံများအထိ ဆိုးကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း ကျောက် က ပြောကြားခဲ့သည်။
နျူကလီးယားဓာတ်ပေါင်းဖိုများမှစွန့်ပစ်မည့် ရေများတွင်ပါဝင်သည့် ရေဒီယိုသတ္တိကြွဘေးထွက်ပစ္စည်း ထရီတီယံ သည် နှစ်နှစ်အတွင်း အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေအထိ ‌ရောက်ရှိနိုင်သည်ကို သက်သေအ‌ထောက်အထားဖြင့် သိပ္ပံပညာရှင်များကရှာဖွေနိုင်ခဲ့သည်။ဖူကူရှီးမားစီရင်တွင် ရေဒီယိုသတ္တိကြွညစ်ညမ်းရေများ ပင်လယ်အတွင်းသို့ စွန့်ပစ်ရန် ဂျပန်နိုင်ငံ အစိုးရက ဆုံးဖြတ်ထားကြောင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါ က ပြီးခဲ့သည့် ဧပြီ ၁၃ ရက်က ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.