Connect with us

VIDEO

COVID-19 မူလဇစ်မြစ်ရှာဖွေရာတွင် တရုတ်နိုင်ငံက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်ပညာရှင်များက အခိုင်အမာအတည်ပြု

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရုတ်နိုင်ငံနှင့်အတူ ဗိုင်းရပ်စ်လမ်းကြောင်းများ ပူးတွဲသုတေသနပြုလုပ်ပြီးနောက် ကမ္ဘာ့ COVID-19 မူလအရင်းအမြစ်ခြေရာခံခြင်းဆိုင်ရာ အစီရင်ခံစာတစ်ရပ်ကို မတ် ၃၀ ရက်က ထုတ်ပြန်ခဲ့သည်။

WHO နှင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် ၃၄ ဦးတို့သည် တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် ဇန်နဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ၂၈ ရက်ကြာ ပူးတွဲသုတေသနပြုလုပ်ခဲ့ကြောင်း သိရသည်။

အစီရင်ခံစာ၏ အဆိုအရ COVID-19 သည် ကြားခံလက်ခံတစ်ခုမှတစ်ဆင့် စတင်ဖြစ်ပေါ်လာခြင်းမှာ “အလွန့်အလွန်ဖြစ်နိုင်ကြောင်း” ၊ အေးခဲစားသောက်ကုန်လုပ်ငန်းမှတစ်ဆင့် စတင်ဖြစ်ပေါ်လာခြင်းမှာလည်း “ဖြစ်နိုင်ကြောင်း” နှင့် ဓာတ်ခွဲခန်းမတော်တဆမှုမှတစ်ဆင့် စတင်ဖြစ်ပေါ်လာသည်ဆိုခြင်းမှာမူ “လုံးဝမဖြစ်နိုင်ကြောင်း” သိရသည်။

WHO နှင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် အဖွဲ့ဝင် Peter Ben Embarek က “ အစီရင်ခံစာ မှာပါဝင်တဲ့ ရလဒ်တွေ၊လေ့လာဆန်းစစ်ချက်တွေ၊ အချက်အလက် ပမာဏတွေအရ ဒီအစီရင်ခံစာအတွက် ဘယ်လောက်အထိ အားထုတ်ဆောင်ရွက်ခဲ့သလဲဆိုတာ သိသာပါတယ်၊ တရုတ်နိုင်ငံမှာ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ကောင်းမွန် ခိုင်မာစွာပူးပေါင်းဆောင်ရွက်မှုတွေသာမရှိခဲ့ဘူးဆိုရင် ဒီလိုမျိုးရလဒ်တွေထွက်ပေါ်လာမှာမဟုတ်ပါဘူး”ဟု ဆိုသည်။

WHO နှင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် အဖွဲ့ဝင် Marion Koopmans က “ကျွန်မတို့ အဲဒီကိုမသွားခင်မှာ အွန်လိုင်းက အစည်းအဝေး‌ပေါင်းများစွာပြုလုပ်ခဲ့ကြပါတယ် ၊ အဲဒါပြီးတော့လည်း ကျွန်မတို့ ကွာရန်တင်းကာလမှာ အွန်လိုင်းအစည်းအဝေးတွေထပ်လုပ်ခဲ့ကြပါတယ်၊ အဲဒီနောက် နှစ်ပတ်အကြာမှာ ကျွန်မတို့ အခန်းအကျယ်ကြီးထဲမှာမျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရခဲ့ကြပါတယ်။ အဲဒီလိုနဲ့ကျွန်မတို့လည်းအချင်းချင်းကောင်းကောင်းနားလည်ပြီး‌တော့ အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တာပေါ့၊ ကျွန်မစိတ်အထင်တော့ ဒီလိုအခြေအနေမျိုးမှာ ဒါမှမဟုတ် အိမ်က လုပ်ရတဲ့ စီမံကိန်းတစ်ခုလိုမျိုးမှာဆိုရင် အချင်းချင်းနားလည်ဖို့ ပူးပေါင်းဆောင်ရွက်မှုတည်ဆောက်ဖို့ဆိုရင် အချိန်ယူရတယ်ဆိုတာ အားလုံးအတွက်အရမ်းအရေးကြီးတယ်လို့ထင်ပါတယ်၊ ကန့်သတ်ချက်တွေရှိလာရင်တော့ ပူးပေါင်း‌ဆောင်ရွက်ဖို့ သိပ်ခက်ခဲသွားနိုင်တယ်လို့ ကျွန်မအနေနဲ့ထင်မြင်မိပါတယ်“  ဟုဆိုသည်။

WHO နှင့် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင် အဖွဲ့ဝင် Peter Daszak က “ကျွန်တော်တို့ အထိုင်ချသွားလာနေတုန်းတင် တရုတ်သိပ္ပံပညာရှင်တွေက အလုပ်တွေတော်တော် ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်၊  ရောဂါဖြစ်ပွားရခြင်းဇစ်မြစ်ကို နိုင်ငံတိုင်းက ပူးပေါင်းအဖြေရှာကြတဲ့အခါ အလွန်ခက်ခဲတဲ့ နိုင်ငံရေးရာအခြေအနေတွေ ရယ် အလွန်စေ့စပ်ပြီးတင်းကြပ်တဲ့အစီအစဉ်တွေရဲ့ အောက်မှာ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဒီအစီရင်ခံစာဟာဆိုရင်စမ်းသပ်ချက်တစ်ခုဖြစ်လာပါတယ်၊ ဒါ့အပြင် ဗိုင်းရပ်စ် ဟာ နိုင်ငံမရွေးကူးစက်နိုင်တယ်ဆိုတာကို  ခင်ဗျားတို့လည်း သိတဲ့အတိုင်း ပါပဲ၊ ဒါကြောင့်ကျွန်တော်တို့ အနေနဲ့ ကပ်ရောဂါကို အမှန်တကယ်တိုက်ဖျက်ချင်တယ်ဆိုရင်တော့ ဒါကိုလုပ်ကိုလုပ်ရမှာဖြစ်ပါတယ်။ ကျွန်‌တော်တို့ အခြားနိုင်ငံတွေနဲ့လည်းပေါင်းပြီး ဒီ‌ရောဂါကြီးဘယ်လိုပေါ်ထွက်လာတယ်ဆိုတာကို အဖြေရှာပြီးတော့ အနာဂတ်မှာ ဆက်လက်မပျံ့ပွားစေဖို့ ကြိုးစားရပ်တန့်သွားကြရမှာပါ၊ ဒါကြောင့် အကောင်းဘက်က ဆက်လက်ကြည့်မြင်ပေးဖို့ကျွန်တော်မျှော်လင့်ပါတယ်၊ ဒါမှလည်း နိုင်ငံတိုင်း ကပ်ရောဂါကြီးကို ကာကွယ်နိုင်ပြီး ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အကောင်းဆုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။” ဟုဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.