Connect with us

VIDEO

ပထမဆုံး ထွက်ခွါသည့် တရုတ်-ဥရောပ ကုန်တင်ရထား‌ပြန်လည်ရောက်ရှိ

ချိန်တူး၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချိန်တူးမြို့နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ခ်အကြားပထမဆုံး ချိတ်ဆက်ပြေးဆွဲသည့် တရုတ်-ဥရောပ ကုန်တင်ရထားသည် ပြီးခဲ့သည့် တနင်္လာနေ့က ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ရထားသည် ဖေဖော်ဝါရီ ၂၁ ရက်ကချိန်တူး မြို့မှ ထွက်ခွါလာခဲ့ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် အောက်တွင် အကောင်အထည်ဖော်ဆောင်နေသည့် ရုရှားနိုင်ငံရှိ တရုတ်ပိုင်ကုမ္ပဏီတစ်ခု သို့ ဓါတုဓါတ်ငွေ့စီမံကိန်းဆိုင်ရာ အဓိက အထောက်အပံ့များအားပို့ဆောင်ခဲ့ခြင်းဖြစ်သည်။အဆိုပါရထားလမ်းကြောင်းသစ်သည် တရုတ်နိုင်ငံနှင့် ဥ‌ရောပနိုင်ငံတို့အကြားကုန်စည်ရောင်းဝယ်ဖောက်ကားရာတွင်အလွန်အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.