VIDEO
တရုတ်နိုင်ငံက COVID-19 လူနာများကို အခမဲ့ ဆေးကုသပေးခဲ့
ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ)
ယနေ့ ဇွန်လ ၇ ရက်တွင် ထုတ်ပြန်ကြေညာသည့် “ COVID-19 တိုက်ဖျက်ရေး၊ တရုတ်နိုင်ငံ၏ လှုပ်ရှားဆောင်ရွက်မှုများ” ဟု အမည်ပေးထားသည့် စက္ကူဖြူစာတမ်းတွင် တရုတ်နိုင်ငံက နိုင်ငံအတွင်း COVID-19 ကူးစက်ခံရသည့် လူနာများကို အခမဲ့ဆေးဝါးကုသပေးခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
COVID-19 အတည်ပြုလူနာများသာမက သံသယရှိသည့်လူနာများအတွက်ပါ ဆေးဝါးကုသရန်ကုန်ကျငွေကို နိုင်ငံတော်ဘဏ္ဍာမှ ကျခံသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံ ဆေးကုသရေးအာမခံ၊ ပြင်းထန်ကူးစက်ရောဂါ အာမခံ သို့မဟုတ် အခြားဆေးဘက်ဆိုင်ရာအထောက်အပံ့ရန်ပုံငွေများမှ ထုတ်ယူသုံးစွဲခဲ့ခြင်း မဟုတ်ကြောင်းသိရသည်။
မေ ၃၁ ရက်အထိ COVID-19 လူနာပေါင်း ၅၈,၀၀၀ ဦးအတွက် အခြေခံ ဆေးကုသရေးကုန်ကျစရိတ်မှာ တရုတ်ယွမ်ငွေ ၁.၃၅ ဘီလီယံ( အမေရိကန်ဒေါ်လာ သန်း ၁၉၀ )ရှိပြီး လူနာတစ်ဦးချင်းစီအတွက်ကုန်ကျစားရိတ်မှာ ၂၃,၀၀၀ ယွမ် အထိရှိခဲ့သည်။
ရောဂါအခြေအနေပြင်းထန်သည့်လူနာများအတွက် ဆေးဝါးအထောက်အပံ့များအတွက် ကုန်ကျငွေမှာ ၁၅၀,၀၀၀ယွမ် ထက် ကျော်လွန်ကျသင့်ခဲ့ကြောင်း သိရသည်။အရေးပေါ်လူနာများအတွက် ယွမ်သန်းပေါင်းများစွာကိုလည်း နိုင်ငံတော်မှ ကျခံသုံးစွဲခဲ့ကြောင်းစက္ကူဖြူစာတမ်း၏ ဖော်ပြချက်အရသိရသည်။ (Xinhua)