Connect with us

WORLD

COVID-19 နှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အမေရိကန်က မမှန်မကန် ပစ်မှတ်ထားပြောဆိုနေခြင်းမှာ အခြေအမြစ်မရှိဟု ကျွမ်းကျင်ပညာရှင်များပြော

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ U.S. Capitol အဆောက်အဦအနီး နှာခေါင်းစည်းဝတ်ထားသော အမျိုးသားတစ်ဦး လမ်းလျှောက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ၎င်းတို့၏ အရည်အချင်းမပြည့်မီသော ဆောင်ရွက်မှုများနှင့် ရှုံးနိမ့်မှုများအတွက် တာဝန်ရှိမှုကို ရှောင်လွှဲရန် တရုတ်နိုင်ငံအား ရောဂါဖြစ်ပွားမှုအတွက် တာဝန်ယူသင့်ကြောင်းနှင့် ယင်းအတွက် ပေးဆပ်ရမည်ဖြစ်ကြောင်း မကြာသေးမီက စွပ်စွဲပြောကြားခဲ့သည်။

ထိုကဲ့သို့ အခြေအမြစ်မရှိသော စွပ်စွဲချက်များသည် အမေရိကန်နိုင်ငံအနေဖြင့် ပြည်တွင်းအကျပ်ရိုက်မှုကို ရှောင်လွှဲရန် တရုတ်နိုင်ငံအပေါ် အပြစ်ပုံချခြင်းသာဖြစ်ကြောင်း တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ဆိုသည်။ယခုနှစ်တွင် ကျင်းပရန်ရှိသည့် ၂၀၂၀ ပြည့်နှစ် အမေရိကန်ရွေးကောက်ပွဲအတွက် အချို့အမေရိကန် နိုင်ငံရေးသမားများသည် လူပိန်းကြိုက်ဝါဒနှင့်  တရုတ် မုန်းတီးရေး လှုံ့ဆော်မှုများဖြင့် သမ္မတရွေးကောက်ပွဲနှင့် ကွန်ဂရက်ရွေးကောက်ပွဲများတွင် အနိုင်ရရန် ကြိုးပမ်းအားထုတ်လျက်ရှိပြီး ပြည်သူ့သဘောထားအမြင်ကို လှည့်ပြောင်းပစ်ရန် ထပ်ခါတလဲလဲ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံတကာဥပဒေဆိုင်ရာ တရုတ်နိုင်ငံ လူမှုအဖွဲ့အစည်း ဥက္ကဋ္ဌ ဟွမ်ကျင်းက ဆိုသည်။ 

အမေရိကန်နိုင်ငံ နယူးယောက်ရှိ ဘရွတ်ကလင်းဆေးရုံစင်တာ၊ အရေးပေါ်ခန်းသို့ လူနာတစ်ဦးအား ကျန်းမာရေးဝန်ထမ်းများက ခေါ်ဆောင်သွားစဉ် (ဆင်ဟွာ)

ဥပဒေကြောင်းအရ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးကိစ္စဖြစ်ပြီး ရောဂါဖြစ်ပွားကြောင်း ဖော်ပြသည့် ပထမဆုံးနိုင်ငံ၏ တာဝန်မဟုတ်ကြောင်း၊ AIDS ရောဂါသည် ၁၉၈၀ ခုနှစ်က အမေရိကန်နိုင်ငံတွင် ပထမဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားခဲ့ကြောင်း၊ သို့သော် ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအား တာဝန်ရှိသည်ဟူ၍ ကမ္ဘာ့အသိုင်းအဝိုင်းက မည်သည့်အခါမျှမပြောဆိုခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

COVID-19 ရောဂါဖြစ်ပွားစဉ်ကတည်းက တရုတ်နိုင်ငံသည် ၎င်း၏တာဝန်များကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများအတိုင်း သိက္ခာရှိရှိ အသိစိတ်ဓာတ်ရှိရှိဖြင့် အပြည့်အဝလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအတွက်ကြောင့်ပင် “တာဝန်ရှိနိုင်ငံ” ဟူ၍ အမည်တပ်၍မရနိုင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံရေး သိပ္ပံနှင့် ဥပဒေတက္ကသိုလ်၊ နိုင်ငံတကာဥပဒေကျောင်း ကျောင်းအုပ်ကြီး Kong Qingjiang က ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ပိုးဟူသည် နိုင်ငံလည်းမရှိသလို နယ်စည်းထားခြင်းလည်းမရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်သာ ကပ်ရောဂါကို ယုတ်လျော့သွားစေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.