နယူးယောက် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဇွန် ၂၈ ရက်အထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၅ သိန်းကျော် ရှိသွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။
နယူးယောက်၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂.၅ သန်း ကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဇွန် ၂၇ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ခတ္တမန္ဒူ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) နီပေါနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီက COVID-19 ရောဂါအတည်ပြုလူနာ ၅၅၄ ဦး ထပ်တိုးလာပြီး စုစုပေါင်း ၁၂,၃၀၉ ဦး ရှိလာကြောင်း ၊ အသစ်ထပ်တိုးလူနာများတွင် ၉ ဦးသည် ယခင်က ရောဂါမတွေ့ရှိသေးသော Rasuwa ခရိုင်မှဖြစ်ကြောင်း နီပေါ...
ရီယက်ဒ်၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ ပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍအပေါ်သက်ရောက်မှုအား အလေးထား ဖြေရှင်းသွားမည်ဖြစ်ကြောင်း G20 အဖွဲ့ဝင် ပညာရေးဝန်ကြီးများက ဇွန် ၂၇ ရက်ဗွီဒီယိုအစည်းအဝေးတွင် ကတိပြုခဲ့ကြသည်။
ဘာစီလိုနာ၊ စပိန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) စပိန်နိုင်ငံတွင် ဩဇာတိက္ကမကြီးမားသော တက္ကသိုလ်များအနက် တစ်ခုဖြစ်သော ဘာစီလိုနာတက္ကသိုလ်ရှိ သုတေသီများက ၂၀၁၉ ခုနှစ် မတ် ၁၂ ရက်က စုဆောင်းရယူခဲ့သည့် စွန့်ပစ်ရေနမူနာများ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းတက္ကသိုလ်က ဇွန် ၂၆ ရက်တွင်...
ဘာလင်၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ အသားထုတ်စက်ရုံနောက်ထပ်နှစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်ခံရမှုဖြစ်ပွါးနေသည်ကို ထပ်မံတွေ့ရှိရကြောင်း ဂျာမနီ မီဒီယာများ၏ ဇွန် ၂၄ ရက် သတင်းများအရ သိရသည်။
လန်ဒန်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ ဂရက်ရိုက်ခတ်မှုကြောင့် လက်ရှိ ဗြိတိန် မော်တော်ယာဉ်လုပ်ငန်းများ၏ ဝန်ထမ်း သုံးပုံတစ်ပုံသည် ခွင့်ဖြင့်နားနေရပြီး ခြောက်ပုံတစ်ပုံမှာ အလုပ်လက်မဲ့ ဖြစ်နိုင်ချေရှိနေကြောင်း ဗြိတိန် မော်တော်ယာဉ်ထုတ်လုပ်မှု နှင့်ဖြန့်ဖြူးရောင်းချရေးအသင်း(SMMT)၏ ဇွန် ၂၃ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ဖရန့်ဖွတ်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ North Rhine-Westphalia(NRW) ပြည်နယ်ရှိ အသားထုတ်စက်ရုံတစ်ခုတွင် အစုလိုက်အပြုံလိုက် ရောဂါ ကူးစက်မှုအခြေအနေ တိုးမြင့်လျက်ရှိရာ ၎င်းစက်ရုံတည်ရှိသည့် Güterslohခရိုင်နှင့် အနီးရှိ Kreis Warendorfခရိုင်အား လော့ခ်ဒေါင်းပြုလုပ်ထားကြောင်း NRW ပြည်နယ်က ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသော ဆင်းရဲပြီး ရပ်တည်ရန်ခက်ခဲသည့် အိမ်ထောင်စုများကို ထောက်ပံ့ကူညီရန် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) နှင့် အမေရိကန်ဒေါ်လာ သန်း ၇၅၀ တန်ဖိုးရှိသော သဘောတူညီချက်ကို ဇွန် ၁၉ ရက်၌ အိန္ဒိယအစိုးရက...
တက်ဂူလ်စီလ်ဂါပါ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ဟွန်ဒူးရပ်စ်နိုင်ငံ သမ္မတ Juan Orlando Hernandez က ၎င်းနှင့် ဇနီး Ana Garcia တို့နှစ်ဦးလုံးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ဇွန် ၁၆ ရက်က နိုင်ငံသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းကြေညာခဲ့သည်။