Connect with us

WORLD

တရုတ်နိုင်ငံက ထိုင်းနိုင်ငံသို့ COVID-19 ရောဂါ တိုက်ဖျက်ရန် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ လှူဒါန်း

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာပစ္စည်းများ လွှဲပြောင်းခြင်းအခမ်းအနား၌ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာ (ယာဘက် ဒုတိယမြောက်) နှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး သံမှူး ယန်ရှင်း (ဝဲဘက် တတိယမြောက်) တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ လှူဒါန်းမှုအတွက် ကျေးဇူးတင်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာက ထိုင်းမီဒီယာများမှတစ်ဆင့် ဇွန် ၂၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရကိုယ်စား၏ ဘန်ကောက်မြို့ရှိ တရုတ်သံရုံးက ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း ၁.၃ သန်း၊ N95 နှာခေါင်းစည်း ၇၀,၀၀၀ ခု၊ COVID-19 စမ်းသပ်ကိရိယာ ၁၅၀,၀၀၀ နှင့် တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံ ၇၀,၀၀၀ စုံ တို့အား ထိုင်းနိုင်ငံသို့ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံတွင် မကြာသေးမီက ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် ဝမ်းနည်းမိကြောင်းနှင့် တရုတ်နိုင်ငံ အစိုးရအနေဖြင့် အခြေအနေကို ထိရောက်စွာ ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ပရာယွတ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သံရုံးမှ လှူဒါန်းမှုအား လက်ခံပြီးနောက် ပရာယွတ်က တရုတ်နိုင်ငံနှင့် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုသည် လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေး ဆက်ဆံရေးများအပါအဝင် နယ်ပယ်အားလုံး၌ ဆက်လက်ခိုင်မြဲနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117