Connect with us

WORLD

ကပ်ရောဂါ ဖြေရှင်းရန် ဘက်ပေါင်းစုံ လက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး အပြန်အလှန် လက်ညိုထိုး အပြစ်တင်ရမည်မဟုတ်ကြောင်း ရုရှားသမ္မတ ပူတင် ပြောကြား 

ရုရှားနိုင်ငံ သမ္မတ ပူတင်အား မေ ၂၂ ရက်က သမ္မတအိမ်တော်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) 

COVID-19 ကပ်ရောဂါကို ထိရောက်စွာ ဖြေရှင်းရန် ဘက်ပေါင်းစုံက လက်တွဲညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် အပြန်အလှန်လက်ညိုးထိုးအပြစ်တင်ရမည်မဟုတ်ကြောင်း ရုရှားနိုင်ငံသမ္မတ ပူတင်က ရုရှား Channel One ရုပ်မြင်သံကြားနှင့် ဇွန် ၂၈ ရက်က ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုအစီအစဉ်တွင် ပြောကြားခဲ့သည်။

ပူတင်က ကပ်ရောဂါအတွက်အဖြေရှာရန် မှန်ကန်သည့်နည်းလမ်းမှာ ကိုရိုနာဗိုင်းရပ်စ်၏ အန္တရာယ်မှ ရုန်းထွက်ရန်ဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုများပြုလုပ်ရန် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ကပ်ရောဂါဖြစ်ပွားနေသည့်အခြေအနေတွင် နိုင်ငံရေးအင်အားစုအချို့က လက်ရှိအခြေအနေကို အသုံးချပြီး ဗိုင်းရပ်စ်ဇစ်မြစ် လုပ်ကြံဖန်တီးပြောဆိုနေမှုကို  ပူတင်က “ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တာက လက်ရှိဖြစ်ပွားနေတဲ့ကိစ္စကိုပါ၊ ဘယ်ကလာတယ်ဆိုတာမဟုတ်ပါဘူး ။ ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုရင် အရေးကြီးတာက လက်ရှိဖြစ်ပွားနေတဲ့ကိစ္စရပ်ရဲ့ပကတိအခြေအနေနဲ့ ရောဂါကာကွယ်ရေးစနစ် တည်ဆောက်ဖို့ပါပဲ။ ဘယ်သူက တမင်ဖန်တီးထားတယ်ဆိုတဲ့အပြောမျိုးအတွက် ဘာအထောက်အထားမှ မရှိပါဘူး။ဒါကိုပဲ လက်ကိုင်စွဲထားမယ့်သူဟာ  ဘာရလဒ်ကောင်းမှ ရမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။ 

ကပ်ရောဂါသည် အချို့သောကိစ္စအရာများကို ပြောင်းလဲစေပြီး အချို့ဖြစ်စဉ်များကို တွန်းအားဖြစ်စေခဲ့သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရကြည့်မည်ဆိုပါက အခြေခံအားဖြင့် ပြောင်းလဲမည်မဟုတ်ဘဲ တိုးတက်ရေးအတွက် တွန်းအားဖြစ်စေမည်ဟု ယုံကြည်ကြောင်း ပူတင်က ဆိုသည်။ “တချို့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြောင်းလဲမှုအများကြီး ဖြစ်လာမယ်ဆိုပြီး ပြောဆိုနေကြတဲ့အပေါ် ကျွန်တော်အနေနဲ့တော့ အပြည့်အဝ လက်မခံပါဘူး”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117