Connect with us

WORLD

တစ်ကမ္ဘာလုံးတွင် COVID-19 ဖြင့်သေဆုံးသူ ၅ သိန်းကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ထုတ်ပြန်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာနေသူများအားတွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇွန် ၂၈ ရက်အထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၅ သိန်းကျော် ရှိသွားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်  သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၂၈ ရက် အမေရိကန်ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၃ မိနစ် ( ဂရင်းနစ်စံတော်ချိန် ၂၀၃၃ နာရီ) အထိ တစ်ကမ္ဘာအတိုင်းအတာဖြင့် COVID-19 ရောဂါကြောင့် သေဆုံးသူ ၅၀၀,၁၀၈ ဦး ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ဆိုသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀,၀၆၃,၃၁၉ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ 

အမေရိကန်နိုင်ငံသည် ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားနေပြီး စုစုပေါင်းကူးစက်ခံရသူ ၂,၅၃၉,၅၄၄ ဦး နှင့် သေဆုံးသူ ၁၂၅,၇၄၇ ဦး အသီးသီး ရှိသည်။ ရောဂါ ကူးစက်ခံရသူ နှစ်သိန်း အထက် ရှိသော  အခြားနိုင်ငံများမှာ ဘရာဇီး ၊ ဗြိတိန် ၊ အီတလီ ၊ ပြင်သစ် ၊ စပိန် နှင့် မက္ကဆီကို နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။(Xinhua)