Connect with us

WORLD

အိန္ဒိယတွင် ကိုဗစ်အတည်ပြုလူနာ ၁၀ သန်းကျော်ရှိလာ ၊ ကာကွယ်ဆေး ၂ ဘီလီယံနီးပါး ရရှိမည်ဖြစ်ကြောင်း WHO ကြေညာ

အိန္ဒိယနိုင်ငံ နယူးဒေလီ ဘတ်စ်ကားဂိတ်တစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန်အတွက် ဓါတ်ခွဲနမူနာရယူနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အိန္ဒိယတွင် ကိုဗစ်အတည်ပြုလူနာ ၁၀ သန်းကျော်ရှိလာကြောင်းနှင့် ကာကွယ်ဆေး ၂ ဘီလီယံနီးပါး ရရှိမည်ဟု WHO ကြေညာခဲ့ကြောင်း ဒီဇင်ဘာ ၁၉ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဒီဇင်ဘာ ၁၉ ရက် ၁၇ နာရီ ၂၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၇၀၀,၈၄၆ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၁၃,၂၈၉ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၇၄,၂၉၉,၀၄၂ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၆၆၉,၉၈၂ ဦး အသီးသီး ရှိလာကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီ ဘတ်စ်ကားဂိတ်တစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန်အတွက် ဓါတ်ခွဲနမူနာရယူနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဒီဇင်ဘာ ၂၀ ရက် ၇ နာရီ ၂၀ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၇၆,၀၈၅,၀၆၈ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၆၈၂,၁၄၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၇,၅၉၂,၉၉၉ ဦး နှင့် သေဆုံးသူ ၃၁၅,၃၁၂ ဦး ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီ ဘတ်စ်ကားဂိတ်တစ်ခုတွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန်အတွက် ဓါတ်ခွဲနမူနာရယူနေသည်ကို ဒီဇင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၂) သတင်းအချက်အလက်များ

အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၀ သန်းကျော်ရှိလာခဲ့ရာ အမေရိကန်နိုင်ငံပြီးလျှင် ကိုဗစ်လူနာ ဦးရေ ဆယ်သန်းကျော်သည့် ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့ကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

ကာကွယ်ဆေးဝယ်ယူရန် ကာကွယ်ဆေးသုတေသနပြု ထုတ်လုပ်သည့်ဌာနများနှင့် သဘောတူညီချက် သို့မဟုတ် ဆန္ဒပြုကြေညာချက်များရေးထိုးပြီးဖြစ်ရာ ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)ဦးဆောင်သည့် COVAX ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအစီအစဉ်တွင် ကာကွယ်ဆေး ၂ ဘီလီယံ နီးပါး ရရှိမည်ဖြစ်ကြောင်း WHOက ဒီဇင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ ယင်းကာကွယ်ဆေးများကို လာမည့်နှစ် ပထမရာသီကာလတွင် COVAXပါဝင်သည့်အဖွဲ့များထံသို့ အမြန်ဆုံး ပံ့ပိုးပေးမည် ဖြစ်ကြောင်းဆိုသည်။

အမေရိကန် ဇီဝနည်းပညာ လုပ်ငန်း Moderna ကုမ္ပဏီမှ သုတေသနပြုထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် အမေရိကန် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဒီဇင်ဘာ ၁၈ ရက်တွင် ခွင့်ပြုလိုက်ပြီဖြစ်သည်။ ၎င်းကာကွယ်ဆေးသည် အမေရိကန်နိုင်ငံတွင် အရေးပေါ် အသုံးပြုထိုးနှံခွင့်ရသည့် ဒုတိယမြောက်ကာကွယ်ဆေး အမျိုးအစားဖြစ်ရာ အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအား ထိုးနှံခွင့်ပြုထားကြောင်း သိရသည်။
 
ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်၏ အချို့ဒေသများတွင် ဗိုင်းရပ်စ်ပြန့်ပွားမှုကို ဟန့်တားရန် ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအဆင့်ကို အသစ်ထပ်တိုးထားသည့် အဆင့် (၄) သို့ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဒီဇင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။ အဆင့် (၄) ရောဂါ ထိန်းချုပ်ရေး၏ ကန့်သတ်မှုနည်းလမ်းများတွင် လူသုံးကုန်ပစ္စည်းဝယ်ယူသည့် အချို့သောအချိန်အနည်းငယ်မှအပ အများပြည်သူအနေဖြင့် တတ်နိုင်သမျှ အိမ်တွင် နေထိုင်ရန် ၊ မရှိမဖြစ်အသုံးအဆောင်ပစ္စည်း လက်လီအရောင်းဆိုင် မဟုတ်သည့် ဆိုင်များ၊ ဖျော်ဖြေရေးနေရာ၊ အားကစားလေ့ကျင့်ခန်းစသည့်တို့ကို ပိတ်နားထားရန်၊ တတ်နိုင်သမျှ အိမ်တွင် ရုံးအလုပ်လုပ်ဆောင်ရန်၊ ရောဂါထိန်းချုပ်ရေး အဆင့်(၄)နေရာဒေသများကို မိမိသဘောဖြင့် သွားလာခြင်းမပြုရန် စသည်တို့ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၁၉ ရက်က အသစ်ထပ်တိုးအတည်ပြုလူနာ ၅၄၈ ဦး ရှိရာ ၎င်းတို့အနက် ၅၁၆ ဦးမှာ အလယ်ပိုင်းဒေသ စမွတ်စခွန်းပြည်နယ် ပင်လယ်စာအရောင်းဈေးကွက်နှင့်ဆက်စပ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာန တာဝန်ခံ Opasက ယင်းနေ့တွင် ပြောကြားခဲ့သည်။ ၎င်းမှာ ထိုင်းနိုင်ငံ၌ ယခုနှစ် နှစ်ဆန်း ကပ်ရောဂါ စတင်ဖြစ်ပွားပြီးနောက် တစ်ရက်အတွင်း အတည်ပြုလူနာဦးရေ အများဆုံးတွေ့ရှိမှု ဖြစ်ကြောင်း သိရသည်။

ယူဂန်ဒါနိုင်ငံတွင် ဒုတိယဝန်ကြီးချုပ် Ali Kirunda Kivejinja ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း ယူဂန်ဒါ သမ္မတ Yoweri Museveniက ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

စပိန်နိုင်ငံတွင် ဒီဇင်ဘာ ၂၇ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံတော့မည်ဖြစ်ကြောင်း စပိန်ကျန်းမာရေးဝန်ကြီး Salvador Illa က ဒီဇင်ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။ စပိန်အစိုးရ၏ ကာကွယ်ဆေးထိုးနှံမည့်အစီအစဉ် သတ်မှတ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသီးသီးသို့ မျှတစွာ ဝေငှာပေးမည်ဖြစ်ကြောင်းနှင့် ပထမအသုတ်ကာကွယ်ဆေးများကို ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများကို ဦးစွာ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

 ——————————————-
(Chinese Version)

(国际疫情)全球疫情简报:印度累计确诊超1000万例 世卫组织宣布将获近20亿剂疫苗

  新华社北京12月20日电19日全球疫情简报:印度累计确诊超1000万例 世卫组织宣布将获近20亿剂疫苗
  (小标题)全球数据
  世界卫生组织:截至欧洲中部时间19日17时22分(北京时间20日零时22分),全球确诊病例较前一日增加700846例,累计达到74299042例;死亡病例增加13289例,累计达到1669982例。
 美国约翰斯•霍普金斯大学:截至北京时间20日7时20分,全球累计新冠确诊病例达76085068例,累计死亡1682143例。美国是全球疫情最严重的国家,累计确诊17592999例,累计死亡315312例。
  (小标题)新闻事件
  印度卫生部19日发布的新冠疫情统计数据显示,截至当天印度累计确诊病例超过1000万例,成为继美国之后第二个确诊病例过千万的国家。
 世界卫生组织18日宣布,已与多个疫苗研发或生产机构就疫苗采购事宜签署协议或意向声明,保证世卫组织主导的COVAX全球新冠疫苗计划将能获得近20亿剂新冠疫苗,这些疫苗最快将从明年一季度起提供给参与计划的各经济体。
 美国食品和药物管理局18日批准了美国生物技术企业莫德纳公司研发的新冠疫苗的紧急使用授权申请。这是第二款获批在美国紧急使用的新冠疫苗,被允许用于18岁及以上人群。
 英国政府19日宣布,首都伦敦等部分地区的新冠疫情防控级别将提升至新增加的第四级,以遏制病毒传播速度。四级防控级别下的限制措施包括:除购买生活用品等少数情况外,民众应尽可能待在家中;“非必需品”零售店铺、娱乐设施、健身中心等停止营业;民众应尽可能居家办公;民众不能随意进出实施四级防控的地区等。
泰国卫生部疾控部门负责人奥巴19日说,泰国当天新增548例新冠确诊病例,其中516例与中部沙没沙空府一海鲜市场有关。这是泰国今年年初暴发疫情以来单日确诊病例最多的一天。
乌干达总统穆塞韦尼19日说,该国第二副总理基韦金贾因感染新冠病毒去世。
  西班牙卫生大臣伊利亚18日在新闻发布会上宣布,该国将于12月27日启动新冠疫苗接种。根据西班牙政府制订的疫苗接种计划,新冠疫苗将被公平分配给各大自治区。第一批疫苗将首先供给敬老院老人接种。(完)
图说:12月19日,乘客在印度德里一处巴士终点站接受新冠病毒检测取样。新华社发(帕塔•萨卡尔摄)