Culture & Entertainment
ရန်ကုန်မြို့ရှိ ကမ္ဘောဇ ရိပ်သာ (ချင်းချောင်းနန်းတော်) အား သတ်မှတ် စံချိန် စံညွှန်း အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်သွားမည်

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ရှိ ကမ္ဘောဇ ရိပ်သာ (ချင်းချောင်း နန်းတော်) အား ရှေးဟောင်း အဆောက်အဦ အဖြစ် သတ်မှတ်ပြီး ဖြစ်ပါကြောင်း၊ ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန် စံညွှန်း အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ကမ္ဘောဇ ရိပ်သာ (ချင်းချောင်းနန်းတော်) ထိန်းသိမ်း ပြင်ဆင်မှု လုပ်ငန်းများ ပြီးစီးပါက ခန့်ညား တည်ကြည်သည့် အဆောက်အဦ အဖြစ် မြင်တွေ့ကြရမည် ဖြစ်ကြောင်း၊ အဆိုပါ ချင်းချောင်း နန်းတော်သည် မတ်လတွင် ပြီးစီးနိုင်မည် ဖြစ်ကြောင်း၊ ကမ္ဘောဇ ရိပ်သာကြီးကို အခြားပုဂ္ဂလိက များကို ငှားရမ်းသွားမှာ မဟုတ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူက ပြောကြားခဲ့ကြောင် သိရသည်။ (Xinhua)