Connect with us

Culture & Entertainment

ပြိုင်ပွဲဝင်နိုင်ငံပေါင်း (၈၂) နိုင်ငံတွင် မြန်မာအလှမယ်မှ Evening Gown ဆု ရရှိ

မြန်မာအလှမယ် L Bawk Nu အား ဆုရရှိသည် ကိုတွေ့ရစဉ် (ဓာတ်ပုံ- Miss Golden Land Myanmar Organization)

ရန်ကုန်၊ ဒီဇင်ဘာ၂ ရက် (ဆင်ဟွာ)

Miss Supranational 2015 ပြိုင်ပွဲကြီး၏ Evening Gown ဆုကို ဒီဇိုင်းနာ Shilar ၏ မှန်စီ ရွှေချ ဝတ်စုံဖြင့် မြန်မာအလှမယ် L Bawk Nu မှ ဆွတ်ခူး ရရှိသွားကြောင်း Miss Golden Land Myanmar Organization မှ ယနေ့ သတင်း ထုတ်ပြန်သည်။

ထို့ပြင် Preliminary Interview တွင်လည်း Global Beauties Journalists များမှ အကဲဖြတ ရွေးချယ် ပေးခဲ့သည့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်မှု အရှိဆုံး , personality အကောင်းဆုံးနှင့် communication skills အပြည့်ဝဆုံး အလှမယ် Woman of Substance Top (3) စာရင်းတွင် မြန်မာအလှမယ် L Bawk Nu ရွေးချယ်ခြင်း ခံခဲ့ရသည်။

Miss Supranational 2015 ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲဝင် နိုင်ငံပေါင်း (၈၂) နိုင်ငံမှ အလှမယ်များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.