Connect with us

Culture & Entertainment

ပရိုင်းမိတ်ခေတ် မြန်မာ့ လူ့ဘောင်သမိုင်း လေ့လာမှုအပြီး ယဉ်ကျေးမှု ဝန်ကြီးဌာန အနေဖြင့် မနုဿဗေဒ ဆိုင်ရာ စူးစမ်း လေ့လာမှု ဖော်ထုတ် ဆွေးနွေးမည်

ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ အားတွေ့ရစဉ် (ဓာတ်ပုံ-ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ပရိုင်းမိတ်ခေတ် မြန်မာ့ လူ့ဘောင်သမိုင်း လေ့လာမှု အပြီးတွင် ယဉ်ကျေးမှု ဝန်ကြီး ဌာနသည် မနုဿဗေဒ ဆိုင်ရာ စူးစမ်းလေ့လာမှု ဖော်ထုတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

မြန်မာ နိုင်ငံရှိ ပုံတောင်ဒေသမှ တွေ့ရှိခဲ့သော လူတူ ပရိုင်းမိတ်များသည် ရှေးနှစ်ပေါင်း (၃၇) သန်း ကတည်းက စတင်ဖြစ်တည် ခဲ့သည်မှာ သေချာပြီး ကမ္ဘာပေါ်ရှိ အီဂျစ်လူတူ ပရိုင်းမိတ်များ၊ မွန်ဘိုင်း လူတူ ပရိုင်းမိတ်များ ထက် ရှေးကျဖြစ်တည် ခဲ့ပါကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ ပုံတောင်နှင့် ဧရာဝတီ ကျောက်လွှာစုများမှ ပရိုင်းမိတ်နှင့် ကျောက်ဖြစ် ရုပ်ကြွင်းများကို ဂျပန်နိုင်ငံ၊ ကျိုတို တက္ကသိုလ်မှ ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင်များနှင့် ပူးပေါင်း၍ ရှာဖွေ သုတေသနပြု လေ့လာ ခဲ့ကြောင်း သိရသည်။

မြန်မာ့ မြေပေါ်တွင် လွန်ခဲ့သည့် နှစ်သန်း (၅ဝဝ) ပတ်ဝန်းကျင်က ဖြစ်တည် ခဲ့သော ဘူမိ ဝန်းကျင်နှင့် ပေါက်ဖွား ရှင်သန် ခဲ့သောနှစ်သန်း (၄ဝ) က ပရိုင်းမိတ် ကျောက်ဖြစ် ရုပ်ကြွင်းများနှင့် ပတ်သက်၍ လေ့လာ သုတေသန ပြုစရာ နယ်မြေများ၊ သုတေသန နယ်ပယ်များ ရှိနေခြင်းက ဂုဏ်ယူ ဝမ်းသာစရာဖြစ်ကြောင်း ပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်း သုတေသနပြု လေ့လာတွေ့ရှိ ချက်များသည် မြန်မာ့သမိုင်း အတွက်ရော၊ ကမ္ဘာ့ သမိုင်းအတွက်ပါ အရေးပါလှသည် အထောက်အထားများ ဖြစ်သည့်အပြင် ကမ္ဘာတစ်ဝန်း လုံးက အသိ အမှတ် ပြုရမည့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များလည်း ဖြစ်ပါကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117