Connect with us

Culture & Entertainment

တမုတ်ရှင် ပင်ရွှေဂူကြီး စေတီတော် တည်ရှိရာ ပရိဝုဏ်ကို ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် အဖြစ် အတည်ပြုသတ်မှတ်

တမုတ်ရှင် ပင်ရွှေဂူကြီး စေတီတော် တည်ရှိရာ ပရိဝုဏ် အတွင်းရှိ သိမ်တော်ကြီးအား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်ကျေးမှု ဝန်ကြီးဌာန)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အတွင်းရှိ တမုတ်ရှင်ပင် ရွှေဂူကြီး စေတီတော်တည်ရှိရာ ပရိဝုဏ်ကို ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် ( Ancient Monumental Zone ) အဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် ၁၁၇/၂၀၁၅ ဖြင့် အတည်ပြု သတ်မှတ်လိုက်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာလိုက်သည်။

တမုတ်ရှင် ပင်ရွှေဂူကြီး စေတီတော် တည်ရှိရာ ပရိဝုဏ်ကို ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ပုဒ်မ ၄ ၊ပုဒ်မခွဲ က အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံတည်ရှိရာဇုန် အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ကြောင်ပန်းကုန်းကျေးရွာ အုပ်စုရှိ တမုတ်ရှင်ပင်ရွှေဂူကြီး စေတီတော်ကြီး တည်ရှိပြီး စေတီတော်ကြီး သည် ပုဂံခေတ် အနော်ရထာမင်း လက်ထက်က တည်ခဲ့ပြီး နရပတိစည်သူမင်းလက်ထက်တွင် မူလ စေတီတော် အထွဋ်တွင် နှစ်ထပ်ဂူ ဘုရားအဖြစ် လည်းကောင်း၊ ပင်းယခေတ် ဥစ္စနာမင်း လက်ထက်တွင် ထပ်မံလွှမ်းငုံ၍ စေတီတော်အသစ်အဖြစ် လည်းကောင်း တည်ထား ခဲ့ကြောင်း သိရသည်။

တမုတ်ရှင် ပင်ရွှေဂူကြီး စေတီတော်ကြီးတွင် ပုဂံခေတ် အင်္ဂတေ၊ ပန်းတော့ ရုပ်ကြွလက်ရာဒီဇိုင်းများ၊ နံရံ ဆေးရေးပန်းချီများ၊ ဇာတ်တော် နံပါတ်စဉ်နှင့် ဇာတ်တော်အမည်ရေးထိုး ထားသော ငါးရာ့ငါးဆယ် သရုပ်ဖော် ဖောင်းကြွရုပ်ပုံများ၊ ရုပ်ပွားတော်များနှင့် မုခ်ဦးတံကဲ ကနုတ်ပန်းဒီဇိုင်းများ တည်ရှိ နေသည့်အတွက် သမိုင်းတန်ဖိုးအရ ၊ ယဉ်ကျေးမှုဗိသုကာ အနုလက်ရာများအရ ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးမြင့်မားသော ရှေးဟောင်း စေတီတော်ကြီး တစ်ဆူဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117