Connect with us

Education & Health

သပိတ်စစ်ကြောင်း သုံးကြောင်းရပ်နားမည်

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် လမ်းလျှောက်ချီတက် ဆန္ဒပြနေသော သပိတ်မှောက် ကျောင်းသားများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့သို့ ချီတက်နေသော သပိတ်စစ်ကြောင်း များအနက် သုံးကြောင်းသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရပ်နားလိုက်ကြောင်း ပဲခူးမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သပိတ်မှောက်ကျောင်း သားများက ဆိုသည်။

ထားဝယ်၊ မြေလတ်၊ မုံရွာ သပိတ်မှောက်ကျောင်းသားများသည် သပိတ်ရပ်နားမည့် အစီ အစဉ်နှင့် ပတ်သက်၍ ပဲခူးမြို့ ရွှေမော်ဓောစေတီရှေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အထက်ပါအတိုင်းပြောကြားသည်။

မြေလတ်၊ မုံရွာနှင့် ထားဝယ်မှ သပိတ်စစ်ကြောင်း တို့သည် ရန်ကုန်မြို့တွင်းသို့ မဝင်ဘဲ ပဲခူးမြို့တွင် ရပ်နားလိုက်သည်။

သပိတ်ရပ်နားခြင်းသည် မကြာမီဖြေဆိုရမည့် တက္ကသိုလ်ဝင် စာမေးပွဲများကို ထိခိုက်မှုမရှိစေရန် ရပ်နားခြင်းဖြစ်ပြီး သပိတ်လှန်ခြင်း မဟုတ်ကြောင်း သပိတ်မှောက်ကျောင်းသား တစ်ဦးက ဆိုသည်။

ထားဝယ်၊ မြေလတ်၊ မုံရွာ သပိတ်စစ်ကြောင်းအပြင် ဖျာပုံ မြို့၌ ရောက်ရှိနေသော ဧရာဝတီ သပိတ်စစ်ကြောင်းသည်လည်း ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ရပ်နားလိုက်သည်။

ဖေဖောဝါရီ ၁၆ ရက်က သပိတ် ရပ်နားလိုက်သော ကျောင်းသား သပိတ်ခေါင်းဆောင် များသည် အစိုးရ၏ လိုက်လျောမှုကို စောင့် ကြည့်မည်ဖြစ်ပြီး လိုက်လျောမှု မရှိပါက သပိတ်ပြန်လည် စတင်မည်ဖြစ်သည်။

မန္တလေးမှ လမ်းလျှောက် ချီတက်နေသော ပင်မသပိတ်စစ် ကြောင်းသည် ရပ်နားမည်မဟုတ် ဘဲ ရန်ကုန်သို့ဆက်လက်ချီတက် သွားမည်ဟု ပင်မ သပိတ်စစ် ကြောင်း ကျောင်းသားခေါင်း ဆောင်များထံမှ သိရသည်။

ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော် ဝါရီ ၁၆ ရက်က မင်းလှမြို့သို့ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်ပံတန်းမြို့သို့ ဆက်လက်ချီတက်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.