Connect with us

Education & Health

မုံရွာမြို့နယ်တွင် ကြက်၊ ငုံးများ သေဆုံးမှုအကြောင်းအရင်းမှာ ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ်ပိုး ဖြစ်ကြောင်း ကြေငြာ

မန္တလေးမြို့ ကြက်မွေးမြူရေးခြံ မြင်ကွင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် မုံရွာမြို့နယ်တွင် ကြက်မွေးမြူရေးဇုံ အတွင်းရှိ ကြက်၊ ငုံး၊ မွေးမြူရေး ခြံများတွင် ကြက်၊ ငုံးများ သေဆုံးမှုနဲ့ ပက်သက်ပြီး စစ်ဆေးခဲ့ရာ ကြက်ငှက် တုပ်ကွေး ဗိုင်းရပ်စ်ပိုး (H5N1) ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာနမှ ကြေညာချက်ထဲတွင် ကြက်၊ငုံးများသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်သေဆုံးခဲ့ပြီး ဓါတ်ခွဲခန်း စစ်ဆေးချက်အရ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး( H5N1) ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး၊ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန် အတွက် ရောဂါဖြစ်သည့် ကြက်များကို သုတ်သင်ခြင်း ၊ ဇီဝလုံခြုံရေးအား ပိုမိုမြှင့်တင်ဆောင်ရွက်ခြင်း၊ ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းများကို ဆောင်ရွက်နေကြောင်း ပါရှိသည်။

အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကြက်၊ ငှက်များ သာမက လူသို့ ကူးစက်ခြင်း မရှိရန် ကြက်၊ ငှက်၊ ငုံး ၊ ဘဲများနှင့် ထိတွေ့ ချိန်တွင် သတိထားရန်၊ ကြက် မွေးမြူရေးခြံများ၏ အနေ အထားကို သေချာ ဂရုစိုက်ရန် လိုအပ်ကြောင်း၊ ကြက်၊ ဘဲ အရှင် ဈေးတွေမှာလည်း ပိုးသတ်ဆေး သန့်စင်ခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ကြက်၊ ငှက် များ ရုတ်တရက်သေဆုံးကြောင်း သိရှိရပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တို့ ကို ချက်ချင်း သတင်းပို့ရန် သတင်းထုတ်ပြန်သည်။ (Xinhua)