Connect with us

Education & Health

ကျောင်းထွက်နှုန်း မြင့်မားနေရသော အခြေခံ အကြောင်းရင်းများကို ဖြေရှင်းပံ့ပိုးရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

၂၀၁၇ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး)

နေပြည်တော်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အစိုးရ ကျောင်းများမှ ကျောင်းထွက်နှုန်း မြင့်မားနေရသောအခြေခံ အကြောင်းရင်းများကို ဖြေရှင်းနိုင်အောင် ပံ့ပိုးပေးဆောင်ရွက်မှုများ လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံပညာကဏ္ဍတွင် အဓိကကျကျ ပြုပြင်ပြောင်းလဲရမည့် အချက်များသည် KG+ 12 ပညာရေးစနစ် အဖြစ်ပြောင်းလဲရန်၊ အလွတ်ကျက်မှတ်ရသောစနစ်ကနေ စဉ်းစားတွေးခေါ်မှုကို အခြေခံသည့် ပညာရေးစနစ်ဆီကို ပြောင်းလဲရေး အတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေး ပြည့်ဝလာစေရန်၊ ပညာရေးကောလိပ်များ အဆင့်မြှင့်တင်ရေး၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေးတို့ကို ဆောလျင်စွာ ဆောင်ရွက်ရန်၊ သင်ရိုးညွှန်းတမ်းများနှင့် ကျောင်းသုံးဖတ်စာအုပ်များ၏ အရည်အသွေး မြှင့်တင်နိုင်ရန်နှင့် ပညာရေးဆိုင်ရာ အုပ်ချုပ်မှု စွမ်းဆောင်ရည်များ တိုးတက်စေရန် တို့ကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ၂၀၁၇ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲကို ယနေ့ နေပြည်တော်တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့သည်။“အခြေခံပညာကဏ္ဍရဲ့ ရည်မှန်းချက်များကတော့ ပညာသင်ယူနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေဖို့၊ ကျောင်းထွက်သွားရတဲ့ ကျောင်းသူ၊ ကျောင်းသားများ မရှိစေဖို့၊ အလယ်တန်း၊ အထက်တန်းမှတစ်ဆင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဒါမှမဟုတ် တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ဖို့နဲ့ အခြေခံသုတေသန စွမ်းဆောင်မှုများနဲ့ နယ်ပယ် အရပ်ရပ် ဖွံ့ဖြိုးတိုးတက် လာအောင် အထောက်အကူပြုစေဖို့ တို့ပဲ ဖြစ်ပါတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.