Connect with us

Education & Health

လှည်းကူးမြို့နယ်ရှိဆေးဆိုင်များအား ရှောင်တခင်စစ်ဆေး

လှည်းကူးမြို့နယ်ရှိဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးစဉ် (ဓာတ်ပုံ-- YGN FDA)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) သည် လှည်းကူးမြို့နယ်ရှိဆေးဆိုင်များအား ရှောင်တခင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီးမြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသောဆေးဝါးများ(လိုင်းဆေးများ) ရောင်းချသော ဆေးဆိုင်များကို ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ခဲ့သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) သည် ဒီဇင်ဘာလ ၆ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှတာဝန်ရှိသူများသည် လှည်းကူးမြို့နယ် အစားအသောက် နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ(မြို့နယ်ပြည်သူ့ကျန်းမာ၊ထွေအုပ်၊ရဲတပ်ဖွဲ့၊စည်ပင်) မှ တာဝန်ရှိသူများနှင့်အတူ လှည်းကူးမြို့မဈေးနှင့် လှည်းကူးမြို့ပေါ်ရှိဆေးဆိုင် (၈)ဆိုင်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ ဆေးဆိုင်များတွင် ဆေးဆိုင်လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်း၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်း၊မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသောဆေးဝါးများ(လိုင်းဆေး) ရောင်းချနေခြင်း ရှိ/မရှိ၊ ရက်လွန်ဆေးဝါးများရောင်းချနေမှု ရှိ/မရှိ၊ ဆေးဝါးများကို စနစ်တကျ ထားသို ရောင်းချနေမှု ရှိ/မရှိ တို့ကိုစစ်ဆေး၍ ဆေးဆိုင်များတွင် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့်အညီ (Good Pharmacy Practice)ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် မရှိသောဆေးဝါးများ(လိုင်းဆေးများ) ရောင်းချသောဆေးဆိုင်များကို ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း YGN FDA ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.