ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် အလုံဈေး ရှိ အစားအသောက်များနှင့် ဆေးဆိုင်များအား ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ၊ သတ်မှတ်ချက် နှင့်ကိုက်ညီမှုမရှိသည့်ဆေးဆိုင်များကို အရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးသူဈေးသားများကိုလည်းအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်) မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ) ခရမ်းလွန်ရောင်ခြည်လတ်တလောထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် သတိပြုကာကွယ်ကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှတိုက်တွန်းနှိုးဆော်ချက်ထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဦးရေမှာ စုစုပေါင်း ၈၄၄,၃၅၈ ဦးရှိပြီး မြန်မာဘာသာဝင်ရောက် ဖြေဆိုသူ ၇၈၉,၈၈၃ ဦး၊ အင်္ဂလိပ်ဘာသာ ဝင်ရောက်ဖြေဆိုသူ ၇၈၉,ဝ၇ဝ နှင့် သင်္ချာဘာသာ ဝင်ရောက်ဖြေဆိုသူ ၇၈၈,၅ဝ၄ ဦးရှိသည့်အတွက် ဘာသာရပ် တစ်ခုဖြေဆိုပြီးတိုင်း ဖြေဆိုသူလျော့နည်းလာပြီး...
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့စတင်ကျင်းပခဲ့ပြီး၊ ပြီးခဲ့သည့် တချို့ ဘာသာရပ်တွင် မဖြေနိုင်ဘူးထင်သော်လည်း အမှတ်ပေးစည်းမျဉ်းထဲဝင်သည့်အခါ အောင်မှတ်ထက်မက အမှတ်ကောင်းကောင်းရနေတာတွေလည်း ရှိသည့်အတွက် နောက်ရက် ဖြေဆိုရမည့် ဘာသာရပ် ကို အာရုံပြုပြီး ဖြေဆိုစေချင်ကြောင်း ပညာရေးဝန်ကြီးဌာန...
ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ) တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်း ကျောင်းသားကျောင်းသူ လေးသောင်းကျော် ဖြေဆိုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ ရေး စတင်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများ ပေါင်းစပ်ကြရန် စဉ်းစားရတော့မည့် အချိန်ကို ရောက်ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ၂ဝ၁၇-၂ဝ၁၈ ခုနှစ် ပညာသင်နှစ် တစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူ ၈၄၄၂၉၂ ဦး ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန သုံးခု စီစဉ်ဆောင်ရွက်ပေးထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၇ – ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိရန် ဘက်စုံ စီစဉ်ထားရှိပြီး ဖြန့်ဖြူးပေးသွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောရေး ဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။