Connect with us

Education & Health

တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းပုံစံသစ်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြမည်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသူကျောင်းသား များ အားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းပုံစံသစ်ကို နေ့စဉ်ထုတ် သတင်းစာများတွင် ဖော်ပြမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ပညာရေးဝန်ကြီးဌာနသည် (၂၀၁၈-၂၀၁၉) ပညာသင်နှစ်မှစ၍ ပြောင်းလဲ အသုံးပြုသွားမည့် တက္ကသိုလ်ဝင်တန်း မေးခွန်း ပုံစံသစ်များနှင့် စပ်လျဉ်း၍ ကျောင်းသား ကျောင်းသူများ ၊ ဆရာဆရာမများနှင့် ပြည်သူများ သိရှိနိုင်ရန် နေ့စဉ်ထုတ် သတင်းစာများတွင် အောက်ဖော်ပြပါ နေ့ရက်များ အလိုက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဘာသာရပ် မေးခွန်းပုံစံသစ် တည်ဆောက်ပုံများကို ဖော်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

(၂၀၁၈)ခုနှစ်၊ မေလ (၂)ရက်နေ့တွင် မြန်မာစာ၊ မေလ (၃)ရက်နေ့တွင် အင်္ဂလိပ်စာ၊ မေလ (၄)ရက်နေ့တွင် သင်္ချာ၊ မေလ(၅) ရက်နေ့တွင် ဓာတုဗေဒ ၊ မေလ(၆) ရက်နေ့တွင် ရူပဗေဒ၊ မေလ (၇)ရက်နေ့တွင် ဇီဝဗေဒ၊ မေလ (၈)ရက်နေ့တွင် ပထဝီဝင်၊ မေလ(၉) ရက်နေ့တွင် သမိုင်းနှင့် မေလ(၁၀) ရက်နေ့တို့တွင် ဘောဂဗေဒ ဘာသာရပ်များကို (၁)ရက်လျှင် (၁)ဘာသာနှုန်းဖြင့် မေးခွန်းပုံစံသစ် တည်ဆောက်ပုံနှင့် ဘာသာရပ် အလိုက် ဆွေးနွေး တင်ပြထားသော သတင်းဆောင်းပါး တို့ကို ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.