ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၊ အင်းစိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဝက်များသေဆုံးမှုသည် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့်ဖြစ်ကြောင်း၊ ၂၀၂၀ပြည့်နှစ်အတွင်း (၆) ကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်းမော်က ဆင်ဟွာသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာတစ်နိုင်ငံလုံးရှိ လုပ်သက် ၁၀နှစ်အထက် မူလတန်းကျောင်းအုပ်များအား အထက်တန်းပြ လစာတိုးပေးရန်အတွက် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါကျောင်းအုပ်များကို အသုတ်လိုက်ခွဲ၍ ပေးအပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆင်ဟွာသို့...
ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း၌ မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားမှုနှင့် သေဆုံးမှုများ မြင့်တက်လျက်ရှိပြီး မြန်မာနိုင်ငံတွင်၂၀၁၉ ခုနှစ်အတွင်း ဆေးရုံ၌ သေဆုံးမှုများ အားလုံး၏ ၆၂ ရာခိုင်နှုန်းသည် မကူးစက်နိုင်သော ရောဂါများကြောင့်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပညာသင်ကြားရေး အဆက်မပြတ်စေရန် အင်တာနက် အွန်လိုင်း၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှတဆင့် သင်ခန်းစာများအား သင်ကြားပို့ချပေးမည့် အစီအစဉ်ကို နိုဝင်ဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အသက် ၉ နှစ် မှ ၁၀ နှစ်အတွင်း မိန်းကလေး ၄၅၀,၀၀၀ ကျော်ခန့်ကို သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ (Human Papillomavirus Vaccine – HPV) ကာကွယ်ဆေး) ကို ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၏...
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀)တွင် ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ် တစ်ဦး စက်တင်ဘာ (၁၆) ရက် ညပိုင်းတွင် အောင်မြင်စွာမွေးဖွားခဲ့ပြီး၊ စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော် ဥတ္တရသီရိဆေးရုံခုတင် ၅၀၀ သို့ ပို့ဆောင်ကာ အထူးကြပ်မတ်၍...
ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (YGN FDA)မှ ဝန်ထမ်းများသည် COVID-19 ရောဂါပိုးရှိလူနာ နှင့် ထိတွေ့မှုရှိသဖြင့် စက်တင်ဘာ ၁၁ရက်မှ စ၍ Quarantine ဝင်ရမည်ဖြစ်သောကြောင့် လုပ်ငန်းများ အားလုံးခေတ္တရပ်နားထောင်းကြောင်း စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအောက်ရှိ သူနာပြုသားဖွားသင်တန်း ကျောင်းများ၌ ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက် သူနာပြုသားဖွား ဒီပလိုမာ သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာ သင်တန်းများအတွက် သင်တန်းသားဦးရေ ၄၀၀၀ ကျော် အထိ...
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင် တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများထဲမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက် ၇ ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများကို အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိုင်ရန်အတွက် ယခုနှစ်မှ စတင်၍ အခြေခံ ပညာ သင်ယူပြီးမြောက်ခြင်း လက်မှတ်များ...
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ကာကွယ်ဆေးမရှိသည့်အတွက် ခြင်ကိုက်ခံရ၍ ဆင်တုပ်ကွေးရောဂါ လက္ခဏာ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် စမ်း သပ်စစ်ဆေး၍ ကုသမှုခံယူရန် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သန္တာလွင်က ပြောကြားသည်။