Environment, Disasters & Accidents
နိုဝင်ဘာလ ၉ ရက် နေ့ တစ်ရက်တည်းတွင် မြန်မာနိုင်ငံ အတွင်း၌ ငလျင် ၂ကြိမ် လှုပ်ရှား
ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
နိုဝင်ဘာလ ၉ ရက် နေ့ တစ်ရက်တည်းတွင် မြန်မာနိုင်ငံ အတွင်းတွင် ငလျင် ၂ကြိမ် လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ပထမလှုပ်ရှားခဲ့သည့် ငလျင်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ မြန်မာစံတော်ချိန် (၀၅)နာရီ (၅၉)မိနစ် (၁၇)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၂၁၅)မိုင် ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရှမ်းပြည်နယ်၊ တာချီလိတ်၏ အနောက်ဘက် မိုင်(၅၉)ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်သည်။
ဒုတိယလှုပ်ရှားခဲ့သည့် ငလျင်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ မြန်မာစံတော်ချိန် (၁၀)နာရီ (၁၄)မိနစ် (၅၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်ဘက် (၈၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မုံရွာမြို့ အနောက်တောင်ဘက် (၂၂) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ထိုငလျင်များ နှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။ (Xinhua)