Connect with us

Environment, Disasters & Accidents

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၇၀၀၀ကျော် ဆုံးရှုံး

မီးလောင်ကျွမ်းခဲ့သော ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၏ မီးကြွင်းမီးကျန်များအား ငြိမ်းသတ်နေစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၇၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဟိုတယ်မီးလောင်ရခြင်းသည် ပောာင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများအသုံးပြုပြီး အလှဆင်မီးများထွန်းရာမှ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ကန်တော်ကြီးပဲလေ့စ်ဟိုတယ်သည် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၃နာရီကျော်တွင် မီးလောင်စတင်လောင်ကျွမ်းခဲ့ကာ နိုင်ငံခြားသား ၂ဦးသေဆုံးပြီး မကာအို အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မီးငြိမ်းသတ်စဉ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း ကန်တော်ကြီးပဲ့လေ့စ် ဟိုတယ်(၅)လွှာ ဓာတ်လှေခါးအနောက်ရှိ အခန်းအတွင်းမှ စတင်မီးလောင်ခဲ့ပြီး ဟိုတယ် မန်နေဂျာအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၅၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၈၅ (ပေါ့လျော့မှု ကြောင့်လူသေမှု/ပြင်းထန်နာကျင်မှု/မီးလောင်မှု)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)