Connect with us

Environment, Disasters & Accidents

နေပြည်တော် နှင့် ရန်ကုန်မြို့တို့သည် အာရှဒေသတွင် နယူးဒေလီမြို့ပြီးလျှင် အပူချိန်အမြင့်ဆုံးမြို့များဖြစ်ကြောင်းမိုးဇလထုတ်ပြန်

မိုးဇလ၏ အာရှဒေသ၏မြို့ကြီးများအလိုက် အပူချိန်ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

နေပြည်တော် နှင့် ရန်ကုန်မြို့တို့သည် အာရှဒေသတွင် နယူးဒေလီမြို့ပြီးလျှင် အပူချိန်အမြင့်ဆုံးမြို့ များဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ထုတ်ပြန်ချက် အရသိရသည်။

အာရှဒေသ၏မြို့ကြီးများအလိုက် အပူချိန်ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ရာ နယူးဒေလီမြို့သည် အမြင့်ဆုံးအပူချိန်သည် ၄၃ဒီဂရီစင်တီဂရိတ် ရှိပြီး၊ နေပြည်တော်မြို့၏ အမြင့်ဆုံးအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ် ရှိကာ ၊ ရန်ကုန်မြို့၏ အမြင့်ဆုံးအပူချိန်သည် ၃၈ ဒီဂရီစင်တီဂရိတ်ရှိကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရသိရသည်။

မိုးဇလသည် အာရှဒေသရှိ မြို့ကြီး ၁၇ မြို့၏ အပူချိန်အားထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပေကျင်း ၏အမြင့်ဆုံးအပူချိန်သည် ၃၀ဒီဂရီစင်တီဂရိတ်၊ ဟောင်ကောင် ၏အမြင့်ဆုံးအပူချိန်သည် ၂၈ ဒီဂရီစင်တီဂရိတ်၊ တိုကျို ၏အမြင့်ဆုံးအပူချိန်သည် ၂၈ ဒီဂရီစင်တီဂရိတ်၊ မနီလာ ၏အမြင့်ဆုံးအပူချိန်သည် ၃၂ ဒီဂရီစင်တီဂရိတ်၊ ဟနွိုင်း ၏အမြင့်ဆုံးအပူချိန်သည် ၃၁ ဒီဂရီစင်တီဂရိတ်၊ ကွာလာလမ်ပူ ၏အမြင့်ဆုံးအပူချိန်သည် ၂၈ ဒီဂရီစင်တီဂရိတ်၊ ဂျာကာတာ ၏အမြင့်ဆုံးအပူချိန်သည် ၃၁ ဒီဂရီစင်တီဂရိတ်၊ စကာၤပူ ၏အမြင့်ဆုံးအပူချိန်သည် ၃၀ ဒီဂရီစင်တီဂရိတ်၊ ဘန်ကောက် ၏အမြင့်ဆုံးအပူချိန်သည် ၃၅ ဒီဂရီစင်တီဂရိတ်၊ ဗီကန်ကျင်း ၏အမြင့်ဆုံးအပူချိန်သည် ၃၅ဒီဂရီစင်တီဂရိတ်၊ ဖနွမ်းပင် ၏အမြင့်ဆုံးအပူချိန်သည် ၃၅ ဒီဂရီစင်တီဂရိတ်၊ ဒါကာ ၏အမြင့်ဆုံးအပူချိန်သည် ၃၄ ဒီဂရီစင်တီဂရိတ်၊ ကိုးလ်ကာတား ၏အမြင့်ဆုံးအပူချိန်သည် ၃၆ ဒီဂရီစင်တီဂရိတ်၊ ကိုလံဘို ၏အမြင့်ဆုံးအပူချိန်သည် ၃၂ ဒီဂရီစင်တီဂရိတ် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.