Connect with us

Environment, Disasters & Accidents

နေပြည်တော် ငလိုက် စခန်းသာ ဆင်ထိန်းသိမ်းရေးနှင့် အပန်းဖြေ စခန်း စတင် ဖွင့်လှစ်

ငလိုက် စခန်းသာ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အမှတ်တရ သစ်ပင်များ စိုက်ပျိုးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၈ ရက် (ဆင်ဟွာ)

ရန်ကုန် – မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်၂၁၇ မိုင်၊ အနောက်ဘက် နှစ်ဖာလုံအကွာရှိ နေပြည်တော် (တောင်ပိုင်း) ဥတ္တရသီရိခရိုင် ကြိုးဝိုင်းအကွက်အမှတ် ၇၈၊ သစ်ထုတ်လုပ်ရေး ဒေသ၊ ဧက ၂၀ အကျယ်ရှိ ငလိုက် စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းကို ယနေ့ (မေလ ၈ )ရက်တွင်စတင် ဖွင့်လှစ် ခဲ့သည်။

အဆိုပါ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး ငလိုက် စခန်းသာသို့ လာရောက် လေ့လာ အပန်းဖြေမည့် ပြည်တွင်း ဧည့်သည်များအတွက် စခန်းအတွက် ဝင်ကြေး ၁၀၀၀ ကျပ် ဆင်စီးခ မိနစ် သုံးဆယ် အတွက် ၅၀၀၀ ကျပ်၊ နိုင်ငံခြားသားဧည့်သည်အတွက် ဝင်ကြေး ၂၀၀၀၀ ကျပ် ဆင်စီးခ ၂၀၀၀၀ ကျပ် ဖြစ်ကြောင်း၊ ဧည့်သည်များအား ဆင်လုပ်သားဦးစီးများနှင့် ဆင်များ နေထိုင်ပုံ၊ ၎င်းတို့၏ နေ့စဉ်ဘဝ၊ တောတွင်း သဘာ၀ တို့ကို လှည့်လည်ပြသပေးမည် ဖြစ်ပြီး ဆင်ကြီး ၅ ကောင် ဆင်သေး ၂ ကောင် ထားရှိ ပေးမည် ဖြစ်ကြောင်း သိရသည်။

ငလိုက် စခန်းသာ ဖွင့်ပွဲ အခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

ယနေ့ စတင်ဖွင့်လှစ်ပွဲသို့ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့် အမြဲတမ်း အတွင်းဝန်တို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ငလိုက်စခန်းသာ ဖွင့်လှစ်ပွဲ အထိမ်းအမှတ်အဖြစ် ကျွန်း၊ တလမန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ နှင့် ပိတောက်ပင်များ စိုက်ပျိုးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.