Connect with us

Environment, Disasters & Accidents

နိုင်ငံ တစ်ဝန်း လေပြင်းဘေးကြောင့် ၆ ရက်တာ ကာလအတွင်း ၄ ဦး သေဆုံး ၊ ၉ ဦး ဒဏ်ရာရ

တိုင်းဒေသကြီး/ပြည်နယ် တစ်ချို့ တွင် သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-Relief and Resettlement Department - Myanmar)

ရန်ကုန် ၊ မေ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ တစ်ဝန်း လေပြင်း တိုက်ခတ်မှု များကြောင့် မေလ ၅ ရက်မှ ၁၀ ရက်ထိ ၆ ရက်တာ ကာလ အတွင်း လူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမှု ဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုလေပြင်းဘေးကြောင့် စုစုပေါင်း အိမ် ၄၃၇ လုံး လုံးဝပျက်စီးပြီး ၄၃၆၃ လုံး တစ်စိတ်တစ်ပိုင်းပျက်စီးကာ ဘာသာရေး အဆောက်အဦ ၄၆ လုံး တစ်စိတ် တစ်ပိုင်း ပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လေပြင်း တိုက်ခတ် မှုများကြောင့် ဘေးဒဏ် ခံစားခဲ့ရသည့် ပြည်သူများနှင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများ အတွက် ဆန်ရိက္ခာဖိုးများ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းဖိုးများ၊ သေဆုံး/ဒဏ်ရာ ရရှိသူများအတွက် စုစုပေါင်း ၁၁၄၄.၁၆၄ သိန်း ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း နှင့် ထောက်ပံ့ကူညီမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ တိုးမြှင့်ထောက်ပံ့ပေးနိုင်ရေး ၊ ဘေးမဖြစ်မီ ကြိုတင် ပြင်ဆင်ရေး ၊ ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေး အသိပညာပေးလုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီး ဌာနအနေဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြည်သူများအနေဖြင်‌့ သဘာဝဘေးဆိုင်ရာကြိုတင် သတိပေးမှုများ၊ လိုက်နာ ဆောင်ရွက်ရန် အသိပညာပေး နှိုးဆော်မှုများကို စဉ်ဆက်မပြတ်လေ့လာသိရှိ လိုက်နာ ဆောင်ရွက်ခြင်း အားဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးမှု များမှ လျော့နည်း သက်သာစေရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင် ရွက်နိုင်ရန် တိုက်တွန်း နှိုးဆော်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.