ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်၍ လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားပြီး ယနေ့ နံနက်မှ နောက်(၂၄)နာရီအတွင်း မြန်မာနိုင်ငံ ကမ်းခြေဒေသ၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့်...
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ ကျောက်ငူကျေးရွာ အနီးတွင် မေ ၂၈ ရက်နေ့ နံနက်ပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ခရီးသည်တင် ရေယာဉ်တစ်စင်း ကျောက်တန်းပေါ်တင် ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် မြဝတီမြို့နယ် အာရှလမ်း ကွမ်းခြံကုန်းကွေ့ ကုန်းအဆင်းတွင် မေ ၂၈ ရက်နေ့ နံနက်ပိုင်းက မန္တလာမင်း ခရီးသည်တင်ယာဉ် တစ်စီးလမ်းချော်ပြီး လူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့အနီး၌ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ) ယခုနှစ်မိုးရာသီသည် မုတ်သုံအဝင်နောက်ကျခဲ့ပြီး အစွန်းရောက် မိုးရာသီဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
ရန်ကုန်၊ မေ ၂၇ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက် လက် တည်ရှိနေကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ယနေ့သတင်းထုတ်ပြန်ချက် အရသိရသည်။
ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့၏ အနောက်တောင်ဘက် (၈)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉.၆၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၁၈ ဒီဂရီ၊ အနက်(၇၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်းမိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှသတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် မြင်းကကုန်းကျေး ရွာ၌ မေ ၂၄ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ နေအိမ်/ဆိုင်ခန်း ၂၉ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...