Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီးတွင် ချောင်းရေမြင့်တက်ရာမှ အိမ် ၃၄ လုံး ရေမြုပ်

စစ်တောင်းမြစ်ရေမြင့်တက်နေမှုအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျောက်ကြီးချောင်းရေ မြင့်တက်မှုကြောင့် ကျောက်ကြီးမြို့ရှိ လူနေအိမ် ၃၄ လုံး ရေနစ်မြုပ်ပြီး ရေဘေးသင့် အိမ်ထောင်စုများအား ယာယီ ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းရ သိရသည်။

ကျောက်ကြီးချောင်းရေ မြင့်တက်မှုကြောင့် ဇူလိုင် ၂၃ ရက်နေ့က လူနေအိမ် ငါးလုံး ရေနစ်မြုပ်၍ ယာယီကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ဇူလိုင် ၂၄ ရက်တွင် လူနေအိမ် ၂၉ လုံး ရေနစ်မြုပ် ခဲ့ကြောင်း သိရသည်။

ရေဘေးသင့် အိမ်ထောင်စုများအား ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် ပဲခူးရပ်ကွက် မြို့တွင်းကျောင်း မိုးကုတ်ဓမ္မာရုံ၊ သိန်တန်းရပ်ကွက်ရှိ ကသစ်ဝိုင် ဓမ္မာရိပ်သာဓမ္မာရုံ ၊တောင်ငူတန်းရပ်ကွက်ရှိ မြို့ဦးဘုန်းကြီးကျောင်းများသို့ ပြောင်းရွှေ့နေရာချ ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.