Connect with us

Environment, Disasters & Accidents

မြဝတီမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်

သောင်ရင်းမြစ်ရေကြီးပြီး ရပ်ကွက်များအတွင်း နေများဝင်နေစဉ်(MOI)

ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

မြဝတီမြို့တွင် ရွာသွန်းကာ သောင်ရင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ သောင်ရင်းမြစ်ရေကြီးမှုကြောင့် အနိမ့်ပိုင်း ရပ်ကွက်အချို့ ရေများဝင်ရောက်ခဲ့ပြီး အိမ်ထောင်စု ၈၄ စုမှ လူဦးရေ ၄၂၆ ဦး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ရွှေ့ပြောင်းထားရကြောင်း သိရသည်။လက်ရှိအနေဖြင့် ရေဘေးကယ်ဆယ်ရေးစခန်းအဖြစ် အမှတ်(၅)ရပ်ကွက်၊ ကျွန်းတောဈေးတွင် တစ်ခု၊ ကိုးနဝင်း ဘုန်းကြီးကျောင်းတွင် တစ်ခု စုစုပေါင်း ၂ နေရာဖွင့်လှစ်ထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117