Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ်၌ ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ်ရေး စခန်း ၃၃ ခု ဖွင့်လှစ် ထားရှိ

ကရင်ပြည်နယ် အတွင်း ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေး စခန်းများသို့ တာဝန်ရှိသူများ လိုက်လံ ကြည့်ရှုနေစဉ် (ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ကရင်ပြည်နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ဘားအံ ၊ လှိုင်းဘွဲ ၊ ကော့ကရိတ် ၊ ကြာအင်း ဆိပ်ကြီး နှင့် မြဝတီ မြို့နယ်များတွင် ကယ်ဆယ်ရေးစခန်း ၃၃ ခု ဖွင့်လှစ် နေရာချထားပေးလျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ရေဘေး ကယ်ဆယ်ရေး စခန်းများအား ဘားအံမြို့နယ် တွင် စခန်းရှစ်ခု၌ အိမ်ထောင်စု ၈၁၈ စု ကို လည်းကောင်း ၊ လှိုင်းဘွဲမြို့နယ်တွင် စခန်း ၁၂ ခု၊ အိမ်ထောင်စု ၃၂၁ စု၊ ကော့ကရိတ်မြို့နယ်တွင် စခန်းနှစ်ခု၊ အိမ်ထောင်စု ၆၅ စု၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စခန်းနှစ်ခု၊ အိမ်ထောင်စု ၁၂၂ စု၊ မြဝတီမြို့နယ်တွင် စခန်း ကိုးခု၊ အိမ်ထောင်စု ၄၄၈ စုကိုလည်းကောင်း နေရာချထား ပေးလျက် ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် အဆက်မပြတ်မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ မြင့်တက်၍ လူနေအိမ် များအတွင်း ရေဝင်ရောက်မှုကြောင့် မြို့နယ်အလိုက် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေး သင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ဆန်၊ ရေသန့်၊ ခေါက်ဆွဲ ခြောက် စသည့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်းများအား ဆောင်ရွက်ပေးထားကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117