ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်အတွင်းရှိ ထိန်ပင်အမှိုက်ပုံ မီးလောင်နေမှုကို ဇုန်အလိုက်သတ်မှတ် ကာ အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ် သော်လည်း ယနေ့တွင် မီးကြွင်းမီးကျန် များကို ဆက်လက် ငြှိမ်းသတ်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးတူးမြောင်းကမ်းပြိုကာကွယ်ရေး လုပ်ငန်းခွင်ဆောင်ရွက်နေစဉ် လုပ်သားနှစ်ဦး မြေပြိုပိမိသဖြင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက်ပိုင်းက မြေစာပုံပြိုကျမှုကြောင့် လက်ရှိတွင် ၁၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၈ ဦး ရှာဖွေတွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရန်ကုန်-နေပြည်တော်အမြန်လမ်း၊မိုင်တိုင်အမှတ် ၁၀မိုင်၆ဖာလုံတွင် ယနေ့ နေ့လည် ၂နာရီ ၂၅မိနစ်တွင် လမ်းဘေး ချောက်ထဲသို့ ထိုးကျ၍ လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါရွာတွင် ယနေ့ နံနက် ၃နာရီခွဲကျော်က မောက်တောင်တစ်ခုပြိုကျမှုကြောင့် လူသေဆုံးမှုများရှိနိုင်ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် နေရာစိပ်စိပ် နှင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၆)နာရီအတွင်း ကုန်းတွင်းသို့ ဝင်ရောက် မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုတ္တမကွေ့အနီးတွင် ဆက်လက် တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်း ကုန်းတွင်းသို့ ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက် – အရှေ့မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး နောက် (၄၈)နာရီအတွင်း မုတ္တမကွေ့နှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော မြစ်ဝကျွန်းပေါ်ဒေသများသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်တိုင်အမှတ်(၂၃၆/၃)နှင့် (၂၃၆/၄)အကြားတွင် ခရီးသည်တင်ယာဉ် တစ်စီး အရှိန်လွန်၍ ဝဲဘက် (၁၀၀)ပေ ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုကြောင့် လူ၃ဦးသေဆုံးပြီး ၂၄ဦး ဒဏ်ရာရခဲ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။