Connect with us

Environment, Disasters & Accidents

မင်းကင်းမြို့အနီးဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့အနီး၌ အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မြေငလျင်သည် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၅၄)မိုင်ခန့် ကွာဝေးသော မင်းကင်းမြို့၏ အရှေ့မြောက်ဘက် မိုင် (၂၀) ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၆၇)ဒီဂရီ၊ အနက်(၅၉)ကီလိုမီတာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၁၃)မိနစ်၊ (၁၈)စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း မြေငလျင် သတင်း ထုတ်ပြန်မှု အရ သိရသည်။ (Xinhua)