ရန်ကုန် ၊ မတ် ၁၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ဂေါက်ကွင်း အရှေ့၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင် အမှတ် (၁၄၃/၇) အနီးတွင် ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိမှု ဖြစ်ပွားခဲ့ရာ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာ ကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ တမီနာဒူးလ်ကမ်းရိုးတန်းတောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၁ ရက် (ဆင်ဟွာ) နေပြည်တော်မြို့နယ်၊ တပ်ကုန်းမြို့၏ အနောက်ဘက် မိုင် (၁၈)ခန့်အကွာတွင် မြောက်လတ္တီတွဒ် (၂၀.၁၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၅.၉၄) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန...
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ မင်းမင်းဦးဇာတ်အဖွဲ့ ယာဉ်တိမ်းမှောက်မှုကြောင့် စုစုပေါင်း လူ၆ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော သီရိလင်္ကာ ကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ တမီနာဒူးလ်ကမ်းရိုးတန်းတောင်ပိုင်းတို့တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မူဆယ်မြို့ ၏ အရှေ့တောင်ဘက် (၄၀)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃.၆၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈.၃၉ ဒီဂရီ၊ အနက်(၁၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗဒညွှန်ကြားမှုဦးစီးဌာန...
ရန်ကုန်၊ မတ် ၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်နှင့် နောင်ချိုမြို့နယ်အစပ် ဒုဋ္ဌဝတီတံတားမှ မိုင် ၄၀ ခန့်အကွာအဝေးတွင်မတ်လ ၉ ရက်မွန်းလွဲပိုင်းက မင်းမင်းဦးဇာတ်အဖွဲ့ကား တိမ်းမှောက်ပြီး လူ ၄ ဦးသေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။ယင်း ယာဉ်တိမ်းမှောက်မှုကြောင့်...
ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ) ဧရာဝတီ တိုင်းဒေသကြီး ၊ မြောင်းမြ မြို့နယ်၌ သံကြိုးဖြင့် ချည်နှောင်ထားသော ဆင်တစ်ကောင်က အစွယ်ဖြင့် ထိုးခဲ့သောကြောင့် လူ ၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း၌ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလ များတွင် ဖြစ်ပွားခဲ့သည့် ယာဉ် မတော်တဆမှု များကြောင့် သေဆုံးသူ ဦးရေ ၂၀ ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန် ၊ မတ် ၈ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီး မိုးမောက်-လွယ်ဂျယ် ကားလမ်းတွင် ဇလုံတောင်မှ ဘုရားဖူး ပြန်လာသည့် မူဆယ် ဘုရားဖူးမော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကာ ယာဉ်ပေါ်လိုက်ပါလာသည့် ဘုရားဖူးခရီးသည် အမျိုးသမီးငါးဦး သေဆုံးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ...