Connect with us

Environment, Disasters & Accidents

ဘိုကလေးမြို့နယ်တွင်း မီးလောင်မှုကြောင့် နေအိမ် ၂၉ လုံးဆုံးရှုံး

ဘိုကလေးမြို့အတွင်းရှိ မီးလောင်နေသော နေအိမ်အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် မြင်းကကုန်းကျေး ရွာ၌ မေ ၂၄ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားရာ နေအိမ်/ဆိုင်ခန်း ၂၉ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဘိုကလေးမြို့နယ် မြင်းကကုန်း ကျေးရွာ အမှတ် ၁ နယ်မြေ ဓမ္မပါလရပ်ကွက် ကမ်းနားလမ်းရှိ ကုန်ခြောက်ဆိုင် တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်/ဆိုင်ခန်း၂၉ လုံးခန့် မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြာင်း သိရသည်။ယင်း မီးလောင်ဆုံးရှုံးမှု ဖြစ်စဉ်နှင့်ပတ်သက်၍ လူအသေအပျောက် မရှိကြောင်း သိရသည်။(Xinhua)