Connect with us

Environment, Disasters & Accidents

ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွား

မိုးသက်လေပြင်းတိုက်ခိုက်ပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် အတွင်းရှိ ကျေးရွာများတွင် မိုးသက်လေပြင်း တိုက်ခတ် မှုကြောင့် လူနေအိမ်များ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ယနေ့သတင်းထုတ်ပြန်ချက် အရသိရသည်။

ဖြစ်စဉ်မှာ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေ ၂၅ ရက်၊ ညနေ ၀၆း၃၀နာရီ အချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပုကွန်ကျေးရွာအုပ်စု၊ ပုကွန်ကျေးရွာ တွင် သွပ်မိုး ဝါးအိမ် (၁) လုံး အမိုးလန်ကာ (၁) လုံး ပြိုကျပျက်စီးခဲ့ကြောင်း၊ ထို့အတူ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ဇလုပ်ကြီးကျေးရွာတွင်လည်း သွပ်မိုး ဝါးအိမ် (၁၃)လုံး၊ ထိုက္ကလေးကျေးရွာအုပ်စု၊ ထိုက္ကလေးကျေးရွာတွင် သွပ်မိုး ဝါးအိမ် (၁၂)လုံးတို့ အမိုးလန်ပျက်စီးခဲ့ပြီး ရေကြည်ကျေးရွာအုပ်စု၊ ရေကြည်ကျေးရွာတွင် သွပ်မိုး ဝါးအိမ် (၁)လုံး ပြိုကျပျက်စီးခဲ့သည်။

လေပြင်းတိုက်ခတ်သည့် ကျေးရွာများသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ သွားရောက်ကူညီခဲ့ကြပြီး လူနှင့်တိရစ္ဆာန် ထိခိုက် ဆုံးရှုံးမှုမရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.