ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အောင်လံမြို့နယ်၌ ရထားနှင့်ကားတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ်တို့ တွင် နိုဝင်ဘာလ ၏ ပျမ်းမျှ ညအပူချိန်အောက် လျော့နည်းခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၇၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) နိုဝင်ဘာလ ၉ ရက် နေ့ တစ်ရက်တည်းတွင် မြန်မာနိုင်ငံ အတွင်းတွင် ငလျင် ၂ကြိမ် လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယ(၁၀)ရက်ပတ်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ် နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) တိုက်ကြီးမြို့နယ်၊အဖျောက်မြို့၊အုန်းပင်ကွင်းကျေးရွာအုပ်စုအေးရွာကျေးရွာတွင်ဧရာဝတီမြစ်၊ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး ၊ မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စုတချို့ ပြောင်းရွှေ့ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ထိုင်းပင်လယ် ကွေ့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း၊ ရွာရန်ရာနှုန်း (၆၀) ဖြစ်ကြောင်း မိုးလေဝသ နှင့်...
ရန်ကုန် ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်၌ ယနေ့နိုဝင်ဘာ ၅ ရက် ၊ နံနက် ၁ နာရီခွဲ အချိန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ငါးပုဇွန် အဝယ်ဒိုင်(၁၁)ဒိုင်၊ လူနေအိမ် (၁၆)လုံး၊ လူဦးရေ (၇၀) အိုးမဲ့ အိမ်မ ဲ့ဖြစ်ခဲ့ရပြီး...
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ကလေးမြို့ ကလေး-တမူးကားလမ်းအနီးတွင် ဒိုင်နာယာဉ်တစ်စီးက လမ်းဘေးတွင် လမ်းလျှောက်လာသော လူသုံးဦးအား တိုက်မိကာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး သုံးဦးသေ၊ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။