Connect with us

Environment, Disasters & Accidents

မန္တလေးလေဆိပ်၌ စက်ချို့ယွင်း၍ အရေးပေါ်ဆင်းသက်ခဲ့ရသော လေယာဉ် ပြန်လည်ထွက်ခွာနိုင်

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မန္တလေးလေဆိပ်၌ စက်ချို့ယွင်း၍ အရေးပေါ်ဆင်းသက်ခဲ့ရသော စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ်သည် ပြုပြင်မှုပြီးစီး၍ ဖေဖော်ဝါရီ ၁၈ရက်တွင် ပြန်လည်ထွက်ခွာသွားနိုင်ပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

လေယာဉ်၏ဝဲဘက် စက်ချို့ယွင်းခဲ့သဖြင့် ဖေဖော်ဝါရီ ၇ရက်နေ့တွင် မန္တလေးလေဆိပ်သို့ အရေးပေါ် ဆင်းသက် ခဲ့ပြီး အင်ဂျင်နီယာမှူး စင်ကာပူနိုင်ငံသား Mr.Muhammad Hafiizh Bin Haron နှင့်အဖွဲ့မှ ပြုပြင်ခဲ့ရာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ပြီးစီးခဲ့၍ မန္တလေး လေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

မန္တလေးလေဆိပ်၌ စက်ချို့ယွင်း၍ အရေးပေါ်ဆင်းသက်ခဲ့ရသော စင်္ကာပူလေကြောင်းလိုင်းမှ လေယာဉ်ကို မန္တလေးလေဆိပ်တွင် ၁၁ရက်ကြာ ပြုပြင်ခဲ့ရသည်။

အဆိုပါ စက်ချို့ယွင်းသော လေယာဉ်သည် လေယာဉ်ပြေးလမ်းပေါ်၌ ရပ်တန့်သွားသဖြင့် လေယာဉ် ရပ်နားရာနေရာသို့ ဆွဲယူခဲ့ရကြောင်း၊ ယင်း လေယာဉ်ပေါ်၌ ခရီးသည် ၂၀၂ ဦး လိုက်ပါလာကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.