Connect with us

Environment, Disasters & Accidents

သပိတ်ကျင်း မြို့နယ်၌ မီးလောင်မှု ဖြစ်ပွားရာ လူ ၂ ဦး သေဆုံး

သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာ၌ မီးလောင်ကျွမ်းမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

သပိတ်ကျင်းမြို့နယ် မြင်သာကျေးရွာ၌ ဘတ္ထရီအိုးဖြင့် မီးထွန်းထားရာမှ ဝါယာရှော့ ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မြင်သာကျေးရွာရှိ ဦးသောင်းဌေး၏ နေအိမ်၌ ဖေဖော်ဝါရီ ၁၈ ရက် ည ၁၁ နာရီ ၄၀ မိနစ် အချိန်တွင် ဘက္ထရီအိုး ဖြင့် မီးထွန်းထားရာမှ ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ရာ (၂)ခန်း ပတ်လည် မြေစိုက် သွပ်မိုး၊ ထရံကာ နေအိမ် ၁ လုံး မီးလောင် ဆုံးရှုံး ခဲ့ပြီး ထိုမီးလောင်မှုကြောင့် ဦးသောင်းဌေး နှင့် ၎င်း၏ သားဖြစ်သူ ဖိုးပိန် တို့မှာ မီးလောင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် သပိတ်ကျင်း မြို့မ ရဲစခန်း(ပ)၃၀/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄-က (မီးလောင်မှု/ ပေါ့လျော့မှုကြောင့် လူသေမှု) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.